မာရှယ်ကျွန်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှု အထူးမြင့်မားနေ

0
240

မာရှယ်ကျွန်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှု အထူးမြင့်မားနေ

ပစိဖိတ်သမုဒ္ဒရာအလယ်ရှိ မာရှယ်ကျွန်းနိုင်ငံ၏ ပင်မကျွန်းဝယ် ကိုဗစ်ရောဂါဖြစ်ပွားမှုကို ပထမဆုံး ကြုံတွေ့နေရပြီး ပင်မကျွန်းတွင် ကူးစက်မှုများ အထူးမြင့်မားနေကြောင်းသိရသည်။

လူဦးရေနည်းပါးလှသော ကျွန်းတွင် ယခုအခါ လူပေါင်း ၃၀၀၀ ကျော် ကိုဗစ်ပေါ့စတစ်ဖြစ်နေပြီး၊ စနေနေ့တစ်နေ့တည်းတွင်ပင် ပေါ့စတစ် ၁၀၀၀ ကျော်စစ်ဆေးတွေ့ရှိခဲ့သည်။ လူ ၇ ဦးကို ဆေးရုံတင်ထားရပြီး သေဆုံးသူ ၂ ဦးရှိကြောင်းသိရသည်။

ပင်မကျွန်းရှိ Majuro မြို့တော်တွင် ဆေးစစ်မှုခံယူသူ ၇၅ ရာခိုင်နှုန်းသည် ပေါ့စတစ်ဖြစ်နေကြောင်း ကျန်းမာရေးဝန်ကြီးက ဆိုသည်။

အဆိုပါ မာရှယ်ကျွန်းစုများသည် ကမ္ဘာတစ်ဝန်းကိုဗစ်ဖြစ်ပွားနေချိန်တွင် သီးသန့်ခွဲထားသကဲ့သို့ဖြစ်နေသောကြောင့် ကိုဗစ်ဖြစ်ပွားမှုမရှိခဲ့ပဲ၊ ကာကွယ်ဆေးထိုးနှံပြီးသူများမှာလည်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်းအထက်တွင်ရှိကြောင်း ကျန်းမာရေးဝန်ကြီးကပြောသည်။ ယခုအခါမှသာလျှင် ကိုဗစ်ကူးစက်မှုများ မည်သို့ပေါ်ပေါက်လာရခြင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

Ref: Marshall Islands grapples with first COVID outbreak as thousands test positive


LEAVE A REPLY

Please enter your comment!
Please enter your name here