ချောင်းဆုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆ လုံးပျက်စီးဆုံးရှုံး

0
209

ချောင်းဆုံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆ လုံးပျက်စီးဆုံးရှုံး

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ကလော့ကျေး ရွာအုပ်စုတွင် သြဂုတ် ၁၆ ရက်(ယနေ့)နံနက် ၈ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ် ၆ လုံးပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ကလော့ကျေးရွာအုပ်စု၏ အပြိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁ လုံးမှာပြိုကျပျက်စီးသွားခဲ့ပြီး နေ အိမ် ၂ လုံးမှာ ယိုင်နဲ့ပျက်စီးသွားခဲ့ကြောင်း သိရသည်။


ထို့ပြင် အခြားနေအိမ် ၃ လုံးမှာလည်း အမိုးလန်ခြင်းနှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းတို့လည်း ဖြစ်ပေါ်ခဲ့သည်ကာ ဖြစ်စဥ်များကြောင့် လူထိ ခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။


ထို့ကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ် ၆ လုံး၌ နေထိုင်သူများအား အပြိုင်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ယာယီနေထိုင်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ကျေးရွာနေသူများက ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တာဝန်ရှိသူများမှလည်း ပျက်စီးသွားသည့်နေအိမ် ၆ လုံးအတွက် ဘေး/စီမံဌာနမှ ထောက် ပံ့မှုများရရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here