ကိုယ်ဝန်ဆောင်ထားရပြီဖြစ်တဲ့ Raaz မင်းသမီး ဘီပါရှား

0
346

ကိုယ်ဝန်ဆောင်ထားရပြီဖြစ်တဲ့ Raaz မင်းသမီး ဘီပါရှား

Raaz ရုပ်ရှင်ကားနဲ့ ဘောလီးဝုဒ်မှာ နံမည်ရခဲ့တဲ့ မင်းသမီးဘီပါရှားဘာဆူးဟာ ခင်ပွန်းဖြစ်သူ ကရန်ဆင်းရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်ကြောင်း ကိုယ်ဝန်ဆောင်အလှဓါတ်ပုံတွေနဲ့အတူ ပရိသတ်ကို ဒီကနေ့ ထုတ်ဖော်အသိပေးလာပါတယ်။


အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ဘီပါရှားဟာ မော်ဒဲလ်ဘဝကနေ၂၀၀၁ ခုနှစ်မှာ Ajnabee ဇာတ်ကားနဲ့ ရုပ်ရှင်လောကကိုဝင်ရောက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်ထွက် Raaz ရုပ်ရှင်နဲ့သူမကို ပရိသတ်က သဘောကျခဲ့ပြီး ရုပ်ရှင်ဇာတ်ကားလည်းအောင်မြင်ခဲ့ရာက Raaz မင်းသမီးလို့ လူသိများခဲ့သူပါ။


ဘီပါရှား မင်းသမီးဖြစ်ကာစမှာ ဘောလီးဝုဒ်မင်းသားချောဂျွန်အဗရာဟမ်နဲ့ ချစ်ကြိုက်ပြီး နှစ်ရှည်လများတွဲခဲ့ဖူးပါတယ်။၂၀၁၄ ခုနှစ်မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးသူ တီဗီစီးရီးမင်းသားကရန်းဆင်းနဲ့ ချစ်ကြိုက်ခဲ့ပြီး ၂၀၁၆ မှာ လက်ထပ်ခဲ့ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here