ရုရှား၏ခေတ်မီလက်နက်များ မဟာမိတ်များထံရောင်းချရန်အသင့်ဖြစ်ပြီဟုပူတင်ပြော

0
319

ရုရှား၏ခေတ်မီလက်နက်များ မဟာမိတ်များထံရောင်းချရန်အသင့်ဖြစ်ပြီဟုပူတင်ပြော

လန်ဒန်၊ဩဂုတ် ၁၅

ရုရှားသည် ကမ္ဘာတစ်ဝန်းရှိ မဟာမိတ်များအား ခေတ်မီလက်နက်များရောင်းချရန်နှင့် စစ်ရေးနည်းပညာများ ဖော်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က တနင်္လာနေ့ (သြဂုတ် ၁၅ ရက်) တွင်ပြောကြားခဲ့သည်။


ယူကရိန်း၏ အကြီးဆုံးမြို့ကြီးနှစ်မြို့မှ ၎င်း၏တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာသွားရကာ အရှေ့ပိုင်းပြည်နယ်များတွင် စစ်အသုံးစရိတ်ကြောင့် တိုက်ပွဲကာလကြာမြင့်နေချိန်တွင် ယခုပြပွဲကရုရှားလက်နက်လုပ်ငန်းအတွက် မယုံနိုင်စရာအဖြစ်တစ်ခုဖြစ်စေခဲ့သည်။


သို့သော် ရုရှားနိုင်ငံမော်စကိုမြို့အပြင်ဘက် လက်နက်ပြပွဲတစ်ခုတွင်မူ ပူတင်ကရုရှားလက်နက်များသည်ပြိုင်ဘက်များထက် နှစ်ပေါင်းများစွာ စောနေသေးသည်ဟု အခိုင်အမာပြောကြားခဲ့သည်။

ရုရှားသည် လက်တင်အမေရိက၊ အာရှနှင့် အာဖရိကတို့နှင့် ခိုင်မာသော ဆက်ဆံရေးကိုတန်ဖိုးထားပြီး မဟာမိတ်များအား လက်နက်ငယ်များမှအစပြု၍သံချပ်ကာယာဉ်များ၊ အမြောက်များ၊တိုက်ခိုက်ရေးလေယာဉ်များနှင့် ဒရုန်းများအထိ လက်နက်အပြည့်အစုံ ထောက်ပံ့ပေးရန် အသင့်ရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။


“ယခုလက်နက်အားလုံးနီးပါးကို တိုက်ခိုက်ရေးနဲ့စစ်ဆင်ရေးအစစ်တွေမှာ တစ်ကြိမ်ထက်မက အသုံးပြုပြီးသားပါ” ဟုလည်း ပူတင်ကဆိုသည်။

၎င်း၏ ကမ်းလှမ်းမှုများတွင် လက်နက်များသာမကရိုဘော့ စက်ရုပ်များပါပါဝင်ကာ အဆိုပါလက်နက်နှင့်စက်ရုပ်များသည် ယခင်ကထက် နည်းပညာနှင့်နည်းဗျူဟာပိုင်းတွင် သိသိသာသာ သာလွန်သည်ဟုလည်းဆိုသည်။

ရုရှားသည်တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံခန့် လက်နက်ရောင်းချမှုဖြင့် အမေရိကန်ပြီးလျှင် ဒုတိယနေရာတွင် ရပ်တည်နေပြီး ကမ္ဘာ့ပို့ကုန်ဈေးကွက်၏ ငါးပုံတစ်ပုံနီးပါးရှိသည်။

၂၀၁၇ မှလ၂၀၂၁ ခုနှစ်အတွင်း အဆိုပါရောင်းချမှုများ၏ ၇၃ ရာခိုင်နှုန်းသည် အိန္ဒိယ၊ တရုတ်၊ အီဂျစ်နှင့် အယ်လ်ဂျီးရီးယားနိုင်ငံ လေးနိုင်ငံမှသာဝယ်ယူခြင်းဖြစ်ကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန၏ အဆိုအရ သိရသည်။

Source – Reuters/zl/ec


LEAVE A REPLY

Please enter your comment!
Please enter your name here