ဂျပန်နိုင်ငံသား ရုပ်ရှင်ဒါရိုက်တာ Toru kubota ကို ပြန်လွှတ်ပေးရန်ကိစ္စ အမှုအားလုံး ပြီးပြတ်မှ စဉ်းစားမည်ဟု နစက ပြန်ကြားရေးအဖွဲ့မှ ပြော

0
313

ဂျပန်နိုင်ငံသား ရုပ်ရှင်ဒါရိုက်တာ Toru kubota ကို ပြန်လွှတ်ပေးရန်ကိစ္စ အမှုအားလုံး ပြီးပြတ်မှ စဉ်းစားမည်ဟု နစက ပြန်ကြားရေးအဖွဲ့မှ ပြော

နိုင်ငံတော် အကြည်ညို ပျက်စေမှု ၊ လဝက ဥပဒေ တို့ဖြင့် အမှုဖွင့်ခံထားရသည့် ဂျပန်နိုင်ငံသား ရုပ်ရှင် ဒါရိုက် တာကို ပြန်လွတ်ပေးရေးမပေးရေးကိစ္စ အမှုအားလုံး ပြီးပြတ်မှသာ စဉ်းစားမည် ဖြစ်ကြောင်း နစက၏သတင်းပြန်ကြားရေးအဖွဲ့မှ ထုတ်ဖော်ပြောကြားလာသည်။

ပြီးခဲ့သည့် ဇွန်လ လကုန်ပိုင်းက ရန်ကုန်မြို့တွင် ဖမ်းဆီခံရပြီး အမှု (၂) ခုဖြင့် အမှုဖွင့်ခံထားရသည့် ဂျပန်နိုင်ငံသား Toru kubota ကို ပြန်လွှတ်ပေးရန် ဂျပန်နိုင်ငံက လွှတ်တော်အမတ်နှင့် နစက ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံရာတွင် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်းပြန်လွှတ်ပေးရန်ကိစ္စနှင့် ပတ်သက်၍ ယခုလို ပြောကြားလာခြင်း ဖြစ်သည်။

” ဂျပန်နိုင်ငံသား Toru Kubota ကို ဆန္ဒပြမှုတွင် ကိုယ် တိုင်ပါဝင်ဆောင်ရွက်သည့်အတွက် ဥပဒေအရ တရား စွဲဆိုဆဲ ၊ အမှုဖွင့်လှစ်ဆဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တရားရုံး၏ တရားစီရင်ချက်ကို စောင့်ကြည့် ရမည်ဖြစ်ပြီး အမှုအားလုံးပြီးပြတ်မှသာ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဂျပန်နိုင်ငံသား Toru Kubota ကို Visa ဖောက် ဖျက်မှု၊ လဝကဥပဒေ ၁၃(၁)၊ ပုဒ်မ ၅၀၅(က) တို့ဖြင့် နစကက တ ရားစွဲဆိုထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ (၃၀) ရက် ညနေက ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က ဆန္ဒပြ ပွဲတစ်ခုတွင် ရုပ်သံမှတ်တမ်းရိုက်ကူးရယူနေစဉ် ဆန္ဒပြသူများနှင့်အတူ အဆိုပါဂျ ပန်နိုင်ငံသား ရုပ်ရှင် ဒါရိုက်တာကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here