ISS မှ ထွက်ပြီးနောက် တည်ဆောက်သွားမည့် အာကာသစခန်း၏ နမူနာ ပုံစံကို ရုရှားက ထုတ်ဖော်ပြသ

0
223

ISS မှ ထွက်ပြီးနောက် တည်ဆောက်သွားမည့် အာကာသစခန်း၏ နမူနာ ပုံစံကို ရုရှားက ထုတ်ဖော်ပြသ

ရုရှားအာကာသအေဂျင်စီသည် ရုရှားနိုင်ငံက တည်ဆောက်မည့် အာကာသစခန်း၏ နမူနာ ပုံသဏ္ဍာန်ကို ထုတ်ဖော်ပြသခဲ့ပြီး မော်စကိုသည် နိုင်ငံတကာ အာကာသစန်း (ISS) မှ နုတ်ထွက်ကာ တစ်ကိုယ်တည်း ရပ်တည်သွားရန်နှင့် ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယူကရိန်း အရေးအခင်းကြောင့် ရုရှားအား အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် ရုရှားသည် အနောက်နိုင်ငံများအပေါ် ၎င်း၏ မှီခိုအားမှုကို လျှော့ချရန်နှင့် တစ်ကိုယ်တည်း ရှေ့ဆက် ရပ်တည်ရန် သို့မဟုတ် တရုတ်နှင့် အီရန်ကဲ့သို့သော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရန် ဆန္ဒရှိနေသည်။

ရုရှားဖက်ဒရယ်အာကာသအေဂျင်စီဖြစ်သည့် ရို့စ်ကော့စ်မို့စ် သည် ရုရှားနိုင်ငံပိုင်မီဒီယာမှ“ရော့စ်” ဟု အမည်ပြောင်ပေးထားသည့် အာကာသစခန်း၏ နမူနာ ပုံစံကို မော်စကိုမြို့ အပြင်ဘက်ရှိ စစ်ရေး-စက်မှုဆိုင်ရာ ပြပွဲတစ်ခု၌ ဩဂုတ်လ ၁၅ ရက် တနင်္လာနေ့တွင် ပြသခဲ့သည်။

ရုရှားသည် ၂၀၂၄ ခုနှစ်နောက်ပိုင်း၌ ISS အဖွဲ့မှ နုတ်ထွက်သွားမည်ဖြစ်ပြီး ယခုလက်ရှိတွင်မူ ၎င်း၏ ကိုယ်ပိုင် ဂြိုလ်ပတ်လမ်း စခန်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသည်ဟု ရို့စ်ကော့စ်မို့စ်၏ ညွှန်ကြားရေးမှူးချုပ် ယူရီ ဘိုရီဆိုဗ် က ဆိုသည်။

ရုရှားသည် ၎င်း၏ အာကာသစခန်းကို အဆင့်နှစ်ဆင့်ဖြင့် လွှတ်တင်သွားမည်ဟု ရို့စ်ကော့စ်မို့စ် က ပြောကြားခဲ့သည်။ သို့ရာတွင် လွှတ်တင်မည့် ရက်စွဲများကိုမူ ဖော်ပြခဲ့ခြင်း မရှိချေ။

ပထမအဆင့်၌ အဆောင် ၄ ဆောင် ပါဝင်သည့် အာကာသစခန်းတစ်ခုကို လွှတ်တင်ကာ စတင်လည်ပတ်စေမည်ဖြစ်ပြီး ဒုတိယအဆင့်တွင်မူ နောက်ထပ် အဆောင် ၂ ဆောင်နှင့် ဝန်ဆောင်မှုပလက်ဖောင်း တစ်ခုပါဝင်မည်ဖြစ်သည်။ လွှတ်တင်မှု ပြီးဆုံးသွားပါက အာကာသယာဉ်မှူလေးဦးနှင့် သိပ္ပံဆိုင်ရာ စက်ကိရိယာများ ထားရှိရန် လုံလောက်မည်ဖြစ်သည်။

ပထမအဆင့်ကို ၂၀၂၅-၂၆ ခုနှစ် တွင် လွှတ်တင်ရန်နှင့် ဒုတိယအဆင့်ဖြစ်သည့် နောက်ဆုံးအဆင့်ကိုမူ ၂၀၃၀-၃၅ ခုနှစ်တွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာများက ဖော်ပြထားသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here