NLD ပါတီမှ လွှတ်​တော်ကိုယ်စားလှယ်(၂၁၇) ဦးအပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ် (၄၉၁) ဦးကို နိုင်ငံရေးပင်စင်အနေဖြင့် ငွေကျပ်သန်း (၄၀၄၀) သန်း ချီး မြှင့်ခဲ့ဟု နစကထုတ်ပြန်

0
231

NLD ပါတီမှ လွှတ်​တော်ကိုယ်စားလှယ်(၂၁၇) ဦးအပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အမတ် (၄၉၁) ဦးကို နိုင်ငံရေးပင်စင်အနေဖြင့် ငွေကျပ်သန်း (၄၀၄၀) သန်း ချီး မြှင့်ခဲ့ဟု နစကထုတ်ပြန်

ဒုတိယ အကြိမ် လွှတ်တော်သက်တမ်းအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ် တော် ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံ ဥပဒေပါ ပြဌာန်း ချက်နှင့်အညီ နိုင်ငံရေး ပေးခဲ့ရာ လွှတ်တော် ကိုယ်စား လှယ် (၄၉၁) ဦးအတွက် ငွေကျပ် သန်းပေါင်း (၄၀၄၀) သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေး ပင်စင်ပေးမှုနှင့် ပတ်သက်၍ ဩဂုတ် လ (၁၆) ရက်တွင် နစကက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါ နိုင်ငံရေး ပင်စင်ချီးမြှင့်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များထဲတွင် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် (၂၁၇) ဦး ၊ ကြံ့ခိုင်ရေးပါတီမှ (၉၈) ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၄၃) ဦး၊ ရခိုင်အမျိုးသား ပါတီမှ (၃၉) ဦးအပြင် အခြား တိုင်း ရင်းသား ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင် ငံရေးပါတီမှ မဟုတ်သူများ ၊ တသီးပုဂ္ဂလများ ပါဝင်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်အရ ပြည် ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းအဆင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသား လွှတ်တော် ကိုယ် စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဦးစီးအဖွဲ့ဝင်များကို လုပ်ငန်းတာဝန်နှင့် လျော်ညီသော ချီးမြှင့်ငွေများ ချီးမြှင့်ခွင့် ရှိကြောင်း သိရသည်။

အဆိုပါ ပြဌာန်းချက်အရ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၉) ဦး၊ ပြည်နယ်နှင့်တိုင်းအဆင့် ပုဂ္ဂိုလ် (၅၀) ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၁၅၂) ဦး ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (၈၈) ဦး ၊ ပြည်နယ်နှင့် တိုင်း ကိုယ်စားလှယ် (၁၉၂) ဦး စုစုပေါင်း (၄၉၁) ဦးအား နိုင်ငံ ရေးပင်စင် ချီးမြငိ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျန်ရှိနေသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသူ များကို နိုင်ငံရေးပင်စင် ချီးမြှင့်ပေးနိုင်ရန် စိစစ်ဆောင် ရွက် လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here