မြန်မာနိုင်ငံသို့ရောက်ရှိ​နေ​သော မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မနက်ဖြန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့မည်

0
72

မြန်မာနိုင်ငံသို့ရောက်ရှိ​နေ​သော မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မနက်ဖြန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့မည်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် နိုလင်းဟေဇာသည် ဩဂုတ်လ (၁၆) ရက်တွင် မြန်မာနိုင်ငံသို ရောက်ရှိလာပြီး (၁၇) ရက် နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။

ကုလသမဂ္ဂ အထူးသံတမန်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်သို့​ရောက်ရှိ​ခဲ့ပြီး​နေပြည်​တော်သို့ဆက်လက်ထွက်ခွာသွား​ကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ၌တာဝန်​ပေးခန့်အပ်ခြင်း ခံရသည့် ကုလအထူးသံတမန်သည် သူမ၏ ပထမဆုံးအ ကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း လတ်တလော ဖြစ်ပေါ်နေသည့် မြန်မာ့ အရေး အကြပ်အတည်းများနှင့် ပတ် သက်၍ နစက ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သူမ၏ မြန်မာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ​တွေ့ဆုံခွင်ပြုရန် တောင်းဆိုထားသော်လည်း နစကဘက်မှ တွေ့ဆုံခွင့်ပြုရန် ငြင်းဆန်ထားကြောင်းလည်း VOA ၏ သတင်း တစ် ရပ်တွင် နစက ပြောခွင့်ရသူက ပြောကြားထားသည်။


အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ခရီးစဉ်တွင် ကု လသမဂ္ဂလုံခြုံရေးကောင်စီ၏ နောက်ဆုံးတောင်းဆိုမှုဖြစ်သည့် အကြမ်းဖက်မှု အားလုံးကိုချက်ချင်း အဆုံး သတ်ရန်နှင့် ပဋိပက္ခများ ဖြစ်ပွားနေသော နေရာများမှ ဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးကင်းမဲ့စွာ ဝင်ရောက်ခွင့်ရရှိရေးတို့အတွက်လည်း ဆွေးနွေးသွားရန် ရှိကြောင်း သတင်းများက​ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here