ဂျာမနီက အင်ဒို-ပစိဖိတ်ဒေသသို့ တိုက်လေယာဉ်များ ကိုပထမဆုံးအကြိမ် စေလွှတ်ခဲ့

0
166

ဂျာမနီက အင်ဒို-ပစိဖိတ်ဒေသသို့ တိုက်လေယာဉ်များ ကိုပထမဆုံးအကြိမ် စေလွှတ်ခဲ့

ဘာလင်၊ဩဂုတ် ၁၆

ဂျာမန်လေတပ်မှ တိုက်လေယာဉ်များပါဝင်သည့် လေတပ်အစုတစ်စုကို အင်ဒို-ပစိဖိတ်ဒေသသို့ ပထမဆုံးအကြိမ်အနေဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန်နှင့်အခြားစစ်ဆင်‌ရေးများအတွက် တနင်္လာနေ့ကစေလွှတ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

Eurofighter ဂျက်ခြောက်စီးနှင့်အခြားစစ်လေယာဉ်များပါဝင်သည့် ယခု‌အုပ်စုကိုစေလွှတ်ခြင်းသည် ထိုင်ဝမ်ရေလက်ကြားပတ်ဝန်းကျင် ၌တင်းမာမှုများမြင့်တက်နေစဉ် ဒေသတွင်းလုံခြုံရေးမြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ စစ်လေယာဉ်အစုသည် ဩစတြေးလျတွင် သောကြာနေ့မှစတင်မည့် ၁၇ နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ပြီးနောက် စက်တင်ဘာ ၂၈ ရက်တွင် ဂျပန်သို့ သွားရောက်မည်ဖြစ်ကြောင်း ဂျာမနီနှင့်သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနများ၏ ပြောကြားချက်အရ သိရသည်။

အရှေ့တောင်ပိုင်း Bavaria ပြည်နယ်ရှိ အခြေစိုက်စခန်းမှ လေယာဉ်သည် တောင်ကိုရီးယားနှင့် စင်ကာပူသို့လည်း သွားရောက်မည်ဖြစ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်နှင့်အမေရိကတို့သည် အခြားသော နိုင်ငံပေါင်း ၁၅ နိုင်ငံနှင့်အတူ Exercise Pitch Black လေ့ကျင့်မှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သြစတြေးလျကာကွယ်ရေးဌာနမှပြောကြားခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသတွင် ၎င်း၏ ထိတွေ့ဆက်ဆံမှုကို အရှိန်မြှင့်လုပ်ဆောင်နေသော ဂျာမဏီသည် ၂၀၂၀ ပြည့်နှစ်တွင် ပြည့်စုံသော အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ထုတ်ပြန်ခဲ့ပြီး တရုတ်ဗဟိုပြု အာရှမူဝါဒမှကူးပြောင်းသွား‌ေကြာင်းကိုပြလိုက်ခြင်းဖြစ်သည်။

ဂျာမနီသည် တိုကျိုမြို့တောင်ဘက်ပစိဖိတ်သမုဒ္ဒရာအတွင်း ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် နှစ်ပေါင်း ၂၀ ဝန်းကျင်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်းသို့ ရေတပ်စစ်သင်္ဘောတစ်စင်းကိုလည်း မနှစ်ကစေလွှတ်ခဲ့သေးသည်။

Source – Kyodo News


LEAVE A REPLY

Please enter your comment!
Please enter your name here