နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုအတွက် ကုန်ထုတ် လုပ်မှုများကို မြှင့်တင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌပြော

0
124

နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုအတွက် ကုန်ထုတ် လုပ်မှုများကို မြှင့်တင်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်က နေပြည်တော်၌ပြုလုပ်သည့် နစက အစည်းအဝေး(၇/၂၀၂၂)သို့တက်ရောက်၍ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတစ်ခုရဲ့စီးပွားရေးဟာ နိုင်ငံရေးနဲ့ဆက်စပ်နေပါတယ် ဒါ့ကြောင့် နိုင်ငံရဲ့စီးပွားရေးအား ကောင်းဖို့လိုပါတယ် စီးပွားရေးဆိုရာမှာလည်း ထုတ်လုပ်မှုအပိုင်းနဲ့ကုန်သွယ်မှုအပိုင်း နှစ်မျိုးရှိတယ် ပစ္စည်းရှိမှသာကုန်သွယ်မှုပြုနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန် စိုက်ပျိုး ရေးထွက်ကုန်များတိုးတက်အောင် ဆောင်ရွက်၍ရပြီး ရောင်းချရန်အတွက်လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများထုတ်လုပ်မှုသည် စီးပွားရေးစက်ဝန်းတွင် များစွာအကျိုးရှိ၍ ထုတ်လုပ်မှုကိုအားပေးခြင်းဖြင့် ပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည်ဟုပြောသည်။

“ထုတ်ကုန်ပစ္စည်းရှိအောင်ကြိုးပမ်းပြီး ကုန်သွယ်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါတယ် ရောင်းကုန်ပစ္စည်းတွေကနေ တန်ဖိုးမြင့်ကုန်ပစ္စည်းတွေ ထုတ်လုပ်ရပါမယ် ထုတ်လုပ်သူတွေအတွက်လည်း ကုန်ထုတ်လုပ်မှုတွေကတဆင့်အကျိုးအမြတ်များရရှိလာမှာဖြစ်သလို နိုင်ငံအတွက်လည်းအကျိုးရှိမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ မြန်မာနိုင်ငံတွင် နိုင်ငံခြားဝင်ငွေများအနေဖြင့် ကုန်သွယ်မှု(Trade)နှင့်ကုန်သွယ်မှုနှင့် မသက်ဆိုင်သည့်(Non Trade)တို့မှ ဝင်ငွေများရှိကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တင်ပြချက်များအရ မိမိတို့နိုင်ငံတွင် နှစ်စဉ်ကုန်သွယ်မှုလိုငွေများရှိခဲ့သည်ဟုပြောသည်။

“၂၀၁၇ ခုနှစ် တစ်နှစ်တည်းသာ ပိုငွေအနည်းငယ်ပြခဲ့သည်ကို သိရှိရပါတယ် ပြည်ပချေးငွေတွေ ထောက်ပံ့ငွေတွေနဲ့ လည်ပတ်အသုံးပြုနေရတာကိုသိရှိရတာကြောင့် နိုင်ငံအတွက် အန္တရာယ်ကြီးမားတာကိုတွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ပြည်ပဝင်ငွေများရရှိရန် ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် လိုအပ်ပြီး ထုတ်ကုန်များတိုးမြှင့်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧက ချင်းအ ထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လိုကာ အရေအတွက်ပိုမိုထုတ်လုပ်နိုင်ရန်လည်း အားပေးဆောင်ရွက်ရမည်ဟု ပြောသည်။

အလားတူ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများအား ကုန်ကြမ်းအတိုင်းရောင်းချခြင်းမဟုတ်ဘဲ ကုန်ချောပစ္စည်းများအဖြစ် ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့ရောင်းချပြီး အကျိုးရှိရှိ အသုံးချနိုင်ရန်လိုအပ်သည်ဟုပြောသည်။

“ပြည်ပသွင်းကုန်တွေနဲ့ပတ်သက်ရင် တိုင်းပြည်စီးပွားရေးပြန်လည်ကောင်းမွန်ဖို့အတွက် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုတွေကို ဆောင်ရွက်နေပါတယ်”ဟု နစက ဥကကပြောသည်။

ထို့ပြင် အချို့ပစ္စည်းများမှာ သတ်မှတ်ထားသည့် အရည်အသွေးမရှိသည်ကို တွေ့ရှိရသဖြင့် လိုအပ်သည့် စက်ပစ္စည်းများနှင့်နည်းပညာများအား အဆင့်မြှင့်တင်ပေးမှသာ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည်ဟုပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here