အောင်မြေသာစံမြို့နယ်ရှိ ဘီယာဆိုင်တစ်ဆိုင်၌ လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွား ၃ ဦးဒဏ်ရာရ

0
228

အောင်မြေသာစံမြို့နယ်ရှိ ဘီယာဆိုင်တစ်ဆိုင်၌ လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွား ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊သီရိမာလာအရှေ့ရပ်ကွက်၊အကွက် ၁၉၂၊ ၈၉ လမ်း၊ ၂၂ လမ်းနှင့် ၂၆ လမ်းကြားရှိ “”ဧရာဝတီ”ဘီယာဆိုင်၌ သြဂုတ် ၁၆ ရက်ညပိုင်းက လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၆ နာရီခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက ဘီယာဆိုင်အား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ပစ်ဗုံးပေါက်ကွဲကာ ဘီယာဆိုင်မှဝန်ထမ်း ၃ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“အဲဒီ ဘီယာဆိုင်က သီရိမန္တလာကားဝင်းနားမှာရှိတာ ခုတစ်ကြိမ်နဲ့ဆို ဒုတိယမြောက် ဗုံးပေါက်တာပဲ ပြီးခဲ့တဲ့လပိုင်းလောက်တုန်းကလည်း ဗုံးပေါက်ခဲ့သေးတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ဘီယာဆိုင်အား မန္တလေးမြို့ပြ ပြောက် ကျားတပ်ဖွဲ့ Unity Special Task Force –  Mandalay မှပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here