ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး သွားလာရခက်ခဲမှုများဖြစ်ပွား

0
302

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး သွားလာရခက်ခဲမှုများဖြစ်ပွား

ရန်ကုန်တိုင်းအတွင်း၌ သြဂုတ် ၁၆ ရက် ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ရွှေပြည်သာ၊ သင်္ဃန်းကျွန်း ၊သမိုင်း၊မရမ်းကုန်း ၊လှိုင်သာယာ ၊သာကေတ‌၊ မြောက်ဒဂုံ ၊တောင်ဒဂုံ၊တာမွေ၊ ‌ဘောက်ထော်၊လှိုင် ၊ကမာရွတ်စတဲ့​နေရာ​တွေမှာ ​ရေကြီးမှု​တွေဖြစ်ပြီး သွားလာရခက်ခဲ​နေတယ်လို့ သိရပါတယ်။ ​ရွှေပြည်သာ ၁၄လမ်းဆုံတစ်​လျှောက် ကား​တွေပိတ်​နေပြီး သမိုင်းလမ်းဆုံ တစ်​ကြောမှာလဲ ယာဥ်​ကြော​တွေ ပိတ်​နေတယ်လို့ သိရပါတယ် ။

“၁၄လမ်းဆုံမှာ ​ရေ​တွေကြီးပြီး ကား​တွေ​​တောက်​လျှောက်ပိတ်​နေလို့ ​ကျောင်းမပို့ဘဲ ပြန်လာရတယ်လို့ “ကျောင်းသားမိဘ တစ်ဦးက​ပြောပါတယ်။

“မိုးကအတော်ကောင်းတာ သည်းသည်းမည်းမည်းကိုရွာနေတော့ ရေကအိမ်ထဲအထိပါဝင်လာနေပြီ လက်ရှိအချိန်ထိတော့ အများကြီးမရောက်သေးဘူး နေ့လည်ဖက်အထိမိုးမတိတ်ဘဲဆက်ရွာနေမယ်ဆိုရင်တော့ ရေအတော်တက်လာနိုင်တယ်”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူတစ်ဦးကပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပွားနေသဖြင့် သွားလာရခက်ခဲနေသည့် မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်အချို့အား ပုလဲအရန်မီးသတ်တပ်ဖွဲ့စခန်းမှ ထမင်းနှင့်ဟင်းများလိုက်လံဝေငှပေးရန် စီစဥ်လျက်ရှိကြောင်း သိရသည်။

Photo_CJ

 


LEAVE A REPLY

Please enter your comment!
Please enter your name here