ရန်ကုန်တိုင်းရှိ မြို့နယ် ၄ ခု၏ နေရာ ၆ ခုတွင် ယနေ့နံနက်ပိုင်းအတွင်း၌ သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့

0
160

ရန်ကုန်တိုင်းရှိ မြို့နယ် ၄ ခု၏ နေရာ ၆ ခုတွင် ယနေ့နံနက်ပိုင်းအတွင်း၌ သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့

ရန်ကုန်တိုင်းရှိ ဒဂုံမြို့သစ်(အရှေ့ပိုင်း၊လှိုင်၊ရွှေပြည်သာ၊နှင့်ကြည့်မြင်တိုင်မြို့နယ်တို့၏ နေရာ ၆ ခုတွင် သြဂုတ် ၁၇ ရက်(ယနေ့)နံနက်အတွင်း၌ သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်များမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ် ၅၂ ရပ်ကွက်တွင် ယနေ့နံနက် ၇ နာရီခန့်က သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းအရ 

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပေးခဲ့ကြသည်။

အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်တွင်လည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ် ၄ ရပ်ကွက်၊ယောမင်းကြီး ၄ လမ်း၌လည်း သစ်ပင်လဲကျခဒ့သည်။

ထို့ပြင် လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ပါရမီလမ်းတွင်လည်း ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်က သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အတူ ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင်လည်း ရွှေပြည်သာမြို့နယ်၊ ၁၁ ရပ်ကွက်၊ အောင်စိုးမိုးလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ ရွှေပြည်သာမြို့နယ်၊ ၉ ရပ်ကွက်၊ခိုင်ရွှေဝါလမ်း၌ ယနေ့နံနက် ၇ နာရီ ၄၅ ခန့်တွင် သစ်ပင်လဲကျမှုဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ယနေ့နံနက် ၈ နာရီ ၂၅ မိနစ်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊မကျည်းတန်းမြောက်အနောက်ရပ်ကွက်၊နတ်စင်လမ်းတွင်လည်း သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ခြင်းများအား သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက သွားရောက်ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here