မင်္ဂလာဒုံမြို့နယ်ရှိ ချမ်းမြေ့မြိုင်ရိပ်သာကျောင်း(ရန်ကုန်)တွင် ရေများဝင်ရောက်ကာတံတိုင်းပြိုကျမှုဖြစ်ပွား

0
167

မင်္ဂလာဒုံမြို့နယ်ရှိ ချမ်းမြေ့မြိုင်ရိပ်သာကျောင်း(ရန်ကုန်)တွင် ရေများဝင်ရောက်ကာတံတိုင်းပြိုကျမှုဖြစ်ပွား

ရန်ကုန်တိုင်းအတွင်း၌ သြဂုတ် ၁၇ ရက်(ယနေ့) နံနက်အစောပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးပေါ်ရှိ ချမ်းမြေ့မြိုင်ရိပ်သာကျောင်း(ရန်ကုန်)တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။


“ကျောင်းဝင်းထဲမှာ တစ်ခြမ်းကအနိမ့်ပိုင်းဆိုတော့ရေဝင်တာများတယ် တစ်ခြမ်းကတော့အမြင့်ပိုင်းဖြစ်နေတော့ ရေမတက်ဘူး ရေဝင်တဲ့အ ခြမ်းက သက်ကြီးဘိုးဘွားတွေနဲ့ဝေယျာဝစ္စလုပ်ပေးတဲ့လူတွေကို အမြင့်ပိုင်းရေမဝင်တဲ့နေရာရွေ့ပေးထားရတယ် မနက် ၄ နာရီလောက်မှာစပြီး ရေတွေဝင်လာလို့ အဲ့အချိန်ထဲကရွှေ့ပေးခဲ့ရတာပါ” ဟုချမ်းမြေ့မြိုင်ရိပ်သာကျောင်း(ရန်ကုန်)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။


ချမ်းမြေ့မြိုင်ရိပ်သာကျောင်း(ရန်ကုန်)တွင် ယနေ့ ရေဝင်ရောက်မှုသည် ဒုတိယအကြိမ်ဖြစ်ကာ ဇူလိုင် လအတွင်းကလည်း ပထမအကြိမ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


“ပထမတစ်ကြိမ်က သိပ်မများဘူး အခုကများတယ် သက်ကြီးဆောင်မှာအိပ်နေတဲ့ ယောဂီတွေပါထပြေးရတဲ့အထိပဲ နောက်ပြီးရိပ်သာတောင်ဘက်ခြမ်း အုတ်တံတိုင်းလည်းပြိုကျသွားတယ် မြောက်ဘက်ခြမ်းကအုတ်တံတိုင်းဆိုရင်လည်း မြောင်းထဲကျသွားတယ်”ဟု ချမ်းမြေ့မြိုင်ရိပ်သာကျောင်း(ရန်ကုန်)၏ တာဝန်ရှိသူကပြောသည်။


အဆိုပါ ချမ်းမြေ့မြိုင်ရိပ်သာကျောင်း(ရန်ကုန်)တွင် သက်ကြီးဘိုးဘွား ၁၀ ဦးခန့်နှင့်သံဃာတော်၊သီလရှင်၊ယောဂီနှင့်ဝေယျာဝစ္စပြုလုပ်သူများအပါအဝင် ၇၀ ဦးခန့်လည်းရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here