ယူကရိန်းစစ်က လူသန်းနှစ်ဆယ်လောက်ကို ဆင်းရဲတွင်းထဲတွန်းပို့နိုင်ဟု ကုလပြောဆို

0
137

ယူကရိန်းစစ်က လူသန်းနှစ်ဆယ်လောက်ကို ဆင်းရဲတွင်းထဲတွန်းပို့နိုင်ဟု ကုလပြောဆို

တိုကျို၊ဩဂုတ် ၁၆

ရုရှား-ယူကရိန်းစစ်ပွဲကစား‌ေသာက်ကုန်ဈေးနှုန်းများကိုမြင့်တက်‌ စေခြင်းစသော ဆိုးကျိုးများကိုဖြစ်‌ စေသဖြင့်ယခုနှစ်တွင် လူသန်း ၂၀ နီးပါးသည် အလွန်ဆင်းရဲသွားနိုင်သည်ဟု ကုလသမဂ္ဂအစီရင်ခံစာတွင် မကြာသေးမီက ဖော်ပြထားသည်။

“၂၀၂၂ ခုနှစ်အတွက်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) အစီရင်ခံစာ” အရ ၂၀၂၂ ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင် တစ်နေ့လျှင်၁ ဒသမ ၉၀ ဒေါ်လာအောက်အသုံးပြုမည့် လူဦးရေမှာ ၆၅၆ ဒသမ ၇ သန်းရှိမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ရုရှား-ယူကရိန်းအရေး၏ အစားအသောက်ဈေးနှုန်းများကိုမြင့်တက်‌ေစခြင်းကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသုံးစရိတ် လျှော့ချနေထိုင်ရမည့်လူဦးရေသည် ၆၇၆ ဒသမ ၅ သန်းထက်ကျော်လွန်သွားစေခဲ့သည်။

ယခုပမာဏသည် ၂၀၂၁ ခုနှစ်ကရှိခဲ့သော ၆၈၄ ဒသမ ၂ သန်းအောက်လျော့နည်းနေသေးသော်လည်း ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကုန်ပိုင်းက စတင်ခဲ့သည့် ရုရှား-ယူကရိန်းပဋိပက္ခသည် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (SDGs) များ” အနက် တစ်ခုအပါအဝင်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုပပျောက်ရေး ရည်မှန်းချက်ပန်းတိုင်မှ ပိုမို‌ဝေးကွာသွားစေသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

ရုရှား-ယူကရိန်းစစ်ပွဲသည် ရိက္ခာ၊ လောင်စာဆီနှင့် ဓာတ်မြေသြဇာဈေးနှုန်းများကို အဆမတန်မြင့်တက်စေခဲ့ပြီး ထောက်ပံ့ရေးကွင်းဆက်များနှင့်ကမ္ဘာ့ကုန်သွယ်ရေးကို ပြတ်တောက်စေကာ ဘဏ္ဍာရေးဈေးကွက်များကို ဒုက္ခရောက်စေခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

အထူးသဖြင့် အာဖရိကနှင့်အရှေ့အလယ်ပိုင်းရှိ နိုင်ငံအချို့ကဲ့သို့‌ယူကရိန်းဂျုံအပေါ် များစွာမှီခို‌နေရသည့် နိုင်ငံများတွင် စားနပ်ရိက္ခာထောက်ပံ့မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာချိန်တွင် ကုလသမဂ္ဂ၏ ယခုအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျပန်၊ အမေရိကနှင့် အခြားစက်မှုလုပ်ငန်း ခုနစ်နိုင်ငံအုပ်စုဖြစ်သည့် (G – 7)နိုင်ငံများသည် ယူကရိန်းရှိ စိုက်ပျိုးရေးအခြေခံအဆောက်အဦများကို ဖျက်ဆီးပြီး ၎င်း၏ပင်လယ်နက်ဆိပ်ကမ်းများကို ပိတ်ဆို့ကာ ကမ္ဘာအနှံ့ သီးနှံများတင်ပို့ရောင်းချခြင်းအား တားဆီးခြင်းအတွက် ရုရှားကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

အခြားတစ်ဖက်၌မူ ဂျုံအဓိကတင်ပို့သူတစ်ဦးဖြစ်သကဲ့သို့ ရေနံစိမ်းအကြီးအကျယ်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်သည့် ရုရှားကလည်း အစားအစာနှင့်စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာသဖြင့်စားနပ်ရိက္ခာပြတ်လပ်မှုများသည် G – 7 ဦးဆောင်ကာ ၎င်းအပေါ်ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့်သာဖြစ်သည်ဟု ပြန်လည်ဝေဖန်ခဲ့သည်။ 

နိုင်ငံပေါင်း ၅၀ ထက်မနည်းသည် ယူကရိန်းနှင့်ရုရှားတို့မှထွက်သည့် ဂျုံ ၃၀ ရာခိုင်နှုန်း ကျော်ကို တင်သွင်းသည်ဟု အစီရင်ခံစာကဆိုကာ အာဖရိကနှင့်ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစွာအတွက် ယူကရိန်းနှင့်ရုရှားဂျုံသည် ၎င်းတို့ဂျုံစားသုံးမှု၏ ၅၀ ရာခိုင်နှုန်းကျော်ရှိသည် ဟုလည်းဖော်ပြထားသည်။

ပဋိပက္ခများအပြင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် မညီမျှမှုများကြီးမားလာခြင်းတို့ကလည်း ၂၀၃၀ ပြည့်နှစ်၌ တစ်ကမ္ဘာလုံးတွင် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရမည်ဟူသော SDG ၏နောက်ထပ်ရည်မှန်းချက်တစ်ခုကိုပါ လမ်းချော်သွားစေပြန်သည်။

မေလအထိ လူပေါင်းသန်းတစ်ရာသည် ၎င်းတို့၏ နေအိမ်များကိုစွန့်ခွာနေထိုင်ခဲ့ရသည်ဟု ခန့်မှန်းရပြီး ယင်းလူဦးရေအနက် ၆ ဒသမ ၅ သန်းခန့်မှာ ယူကရိန်းမှ ထွက်ပြေးခဲ့ကြရသူများ ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ပြီး SDG ရဲ့မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်တဲ့ သံခင်းတမန်ခင်းနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို စတင်ရမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ကုလသမဂ္ဂ လက်‌ေထာက်အတွင်းရေးမှူးချုပ် Liu Zhenmin ကလည်းပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် စတင်လက်ခံကျင့်သုံးခဲ့သော SDGs သည် ကျားမတန်းတူညီမျှမှု၊ ရေရှည်တည်တံ့သောမြို့များနှင့်လူမှုအသိုင်းအဝိုင်းများ စသည့်နယ်ပယ်များအပါအဝင် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်းအစရှိသည့် နယ်ပယ်များတွင်တော့ ရည်မှန်းချက်များပြည့်မီခဲ့ကြောင်းဖော်ပြထားသည်။

Source – Kyodo News


LEAVE A REPLY

Please enter your comment!
Please enter your name here