ကာကွယ်​ရေးဝန်ကြီးများတက်​ရောက်ကြသည့် ​မော်စကို နိုင်ငံတကာလုံခြုံ​ရေး​ဆွေး​နွေးပွဲ

0
284

ကာကွယ်​ရေးဝန်ကြီးများတက်​ရောက်ကြသည့် ​မော်စကို နိုင်ငံတကာလုံခြုံ​ရေး​ဆွေး​နွေးပွဲ

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက် ယမန်နေ့က  (၁၀) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ဆွေးနွေးပွဲ (The X Moscow Conference on International Security)ကျင်းပပြုလုပ်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗီဒီယို မက်​ဆေ့ ပေးပို့ပြီး ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်းဂူက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Plenary Session 2 – Regional Aspects of Global Security: Asia-Pacific Region တွင်

အင်ဒိုပစိဖိတ်ဒေသ၏ မဟာဗျူဟာမြောက်အရေးပါမှု၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် အခွင့်အလမ်းများခေါင်းစဉ်ဖြင့် Video File ပေးပို့ ဆွေးနွေးခဲ့သည်ဟုသိရသည်။ 

ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ညှိုနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်​သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ နှင့်Think Tank အဖြစ် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။ 

MCIS ဆွေးနွေးပွဲတွင်အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယဦးစီးချုပ်များ၊ တပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက် ဆွေးနွေးကြသည်။

Source- NSO


LEAVE A REPLY

Please enter your comment!
Please enter your name here