ကာကွယ်ရေးဝန်ကြီးများတက်ရောက်ကြသည့် မော်စကို နိုင်ငံတကာလုံခြုံရေးဆွေးနွေးပွဲ
၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက် ယမန်နေ့က (၁၀) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ဆွေးနွေးပွဲ (The X Moscow Conference on International Security)ကျင်းပပြုလုပ်ခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗီဒီယို မက်ဆေ့ ပေးပို့ပြီး ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်းဂူက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Plenary Session 2 – Regional Aspects of Global Security: Asia-Pacific Region တွင်
အင်ဒိုပစိဖိတ်ဒေသ၏ မဟာဗျူဟာမြောက်အရေးပါမှု၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် အခွင့်အလမ်းများခေါင်းစဉ်ဖြင့် Video File ပေးပို့ ဆွေးနွေးခဲ့သည်ဟုသိရသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ညှိုနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ နှင့်Think Tank အဖြစ် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
MCIS ဆွေးနွေးပွဲတွင်အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယဦးစီးချုပ်များ၊ တပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက် ဆွေးနွေးကြသည်။
Source- NSO