အရေးပေါ်အခြေအနေကို သီရိလင်္ကာရုပ်သိမ်းမည်

0
168

အရေးပေါ်အခြေအနေကို သီရိလင်္ကာရုပ်သိမ်းမည်

ကိုလံဘို၊ ဩဂုတ် ၁၆

သီရိလင်္ကာနိုင်ငံ၌ အခြေအနေများ တည်ငြိမ်နေပြီဖြစ်၍အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကို ထိန်းချုပ်ရန် ထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေကိုသက်တမ်းတိုးမည်မဟုတ်ကြောင်း သမ္မတရုံးက သြဂုတ် ၁၆ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ လက်ရှိသမ္မတ ရာနီလ် ဝစ်ကရီမီရှင်း သည် သမ္မတဟောင်း ရာဂျာ ပါစကာ နိုင်ငံမှ ထွက်ပြေးခဲ့ပြီး လေးရက် အကြာတွင် နိုင်ငံအတွင်း ပြင်းထန်သော ဥပဒေများအား ထုတ်ပြန်ခဲ့သည်။

ဝစ်ကရီမီရှင်းကထုတ်ပြန်ထားသော အရေးပေါ် အခြေအနေသည် ကြာဿပတေးနေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ သိုရာတွင် ၎င်း၌ အဆိုပါ အခြေအနေအား လစဉ်သက်တမ်းတိုးနိုင်သည့် အခွင့်အာဏာရှိနေသည်။

“တိုင်းပြည်ရဲ့အခြေအနေက တည်ငြိမ်သွားပြီ၊ ဒီအပတ်ပြီးရင် အရေးပေါ်အခြေအနေကို ဆက်လက်ပြဌာန်းဖို မလိုအပ်တော့ပါဘူး” ဟု ဝစ်ကရီမီရှင်း ၏ရုံးမှ ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။

ပြဌာန်းထားသည့် အရေးပေါ်စည်းမျဉ်းများအရ တပ်ဖွဲဝင်များနှင့် ရဲများသည် သံသယရှိသူများအား ကာလကြာရှည်စွာ ဖမ်းဆီးထိန်းသိမ်းခွင့်ပေးထားသည်။

နိုင်ငံအတွင်း အရေးပေါ်အခြေအနေကြေညာခြင်းသည် သမ္မတအား စိတ်ကြိုက် စည်းမျဉ်းများ ချမှတ်ခွင့်ပေးကာ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းမရှိဘဲ နိုင်ငံသားများ၏ လွတ်လပ်ခွင့်များကို ကန့်သတ်နိုင်သည့်အတွက် ပြင်းထန်လွန်းသော ခြေလှမ်းတစ်ခုအဖြစ် လူ့အခွင့်အရေးအဖွဲများက ဝေဖန်ခဲ့ကြသည်။

သီရိလင်္ကာ၌လက်ရှိတွင် ငွေကြေးဖောင်းပွမှုနှုန်း သည် ၆၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ရှိ‌ေနပြီး စားနပ်ရိက္ခာဖောင်းပွမှုမှာလည်း ပြီးခဲ့သည့်လထက် ၉၀ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုမြင့်မားလာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here