နစကအနေဖြင့် ငွေသစ်ထပ်မံရိုက်နှိပ်ခြင်း မရှိခဲ့ဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
142

နစကအနေဖြင့် ငွေသစ်ထပ်မံရိုက်နှိပ်ခြင်း မရှိခဲ့ဘူးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

နစကက စိုက်ပျိုးရေး ကဏ္ဍအတွက် ချေးငွေထုတ်ချေးပေးသည့် ကျပ် ၄၀၀ ဘီလီယံမှာ ကိုဗစ် ရန်ပုံငွေ ထဲမှ ချေးပေးခြင်းဖြစ်ပြီး အသစ်ထပ်မံ ရိုက်နှိပ်ခြင်းမဟုတ်ကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဩဂုတ်လ (၁၇) ရက်က ပြုလုပ်သည့် နစက၏ သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

” သီးသန့်ထားရှိခဲ့တဲ့ ငွေများဖြစ်ပါတယ်။ ဒါကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းဌာနအချို့က ဖော် ပြခဲ့သည့် ချေးငွေ ၄၀၀ ဘီလီယံကို ငွေအသစ်ထပ်မံရိုက် နှိပ်ကာ ချေးခဲ့သည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက အစိုးရအနေဖြင့် ပြည်တွင်း စီးပွားရေး ပြန်လည် ဦးမော့လာရန်အတွက် စိုက်ပျိုးရေး ကဏ္ဍအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံး စ ရိတ် စီမံခန့်ခွဲမှုရန်ပုံငွေများထဲမှ ကျပ် ၄၀၀ ဘီလီယံကို ရံပုံငွေ တစ်ရပ်ထူထောင်ကာ ချေးငွေများ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိုဗစ်ရန်ပုံငွေ များထဲမှ ကျန်ငွေများကိုလည်း အခြား လိုအပ်သည့် ကဏ္ဍများတွင် အသုံးပြုနိုင်ရေး ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ၎င်းကပြောကြားခဲ့သည့်။


LEAVE A REPLY

Please enter your comment!
Please enter your name here