Friday, December 27, 2024

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆)...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...
HomeNewsLocal Newsလာမည့်ရွေးကောက်ပွဲသည် PR စနစ်ဖြင့်ကျင်းပမည်ဖြစ်၍...

လာမည့်ရွေးကောက်ပွဲသည် PR စနစ်ဖြင့်ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲအသိပညာပေးခြင်းအား ပိုမိုပြုလုပ်ရမည်

လာမည့်ရွေးကောက်ပွဲသည် PR စနစ်ဖြင့်ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲအသိပညာပေးခြင်းအား ပိုမိုပြုလုပ်ရမည်

လာမည့်ရွေးကောက်ပွဲသည် PR စနစ်ဖြင့်ကျင်းပမည်ဖြစ်၍ ရွေးကောက်ပွဲအသိပညာပေးခြင်းနှင့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အရာများကို ပိုမိုပြုလုပ်ရမည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောသည်။

နေပြည်တော်၌ သြဂုတ် ၁၇ ရက်(ယနေ့)မွန်းလွဲ ၁ နာရီက ပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၉ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူလူထုနဲ့မဲဆန္ဒရှင်အသိပညာပေးခြင်းကအရေးကြီးပါတယ် နောင်ကျင်းပမယ့်ရွေးကောက်ပွဲဟာ PR စနစ်နဲ့ကျင်းပမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမဲ့ဟာတွေ အသိပညာပေးဖို့တွေပိုပြီးလိုအပ်ပါတယ်”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောသည်။

ထို့ကြောင့် UEC မှအသိပညာပေးခြင်းလုပ်ငန်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်၍လုပ်ဆောင်လျက်ရှိကာ နိုင်ငံပိုင်သတင်းစာများ၊နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းများ၊နိုင်ငံပိုင်ရေဒီယိုလိုင်းများမှတဆင့် ပုံမှန်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

“အခုစတင်ပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဆောင်းပါးတွေ ထည့်ပြီးဆောင်ရွက်နေပါတယ် ကော်မရှင်အဖွဲ့ခွဲတွေကိုလည်း ကျွန်တော်တို့က အသိပညာပေးတာတွေလုပ်နေပါပြီ နယ်မြေအလိုက်ဆောင်ရွက်ခြင်းဆိုတဲ့နည်းနဲ့ ဆောင်ရွက်နေပါတယ်”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောသည်။

အလားတူ ပါတီများ၊ကိုယ်စားလှယ်လောင်းများမှလည်း ရွေးကောက်ပွဲအသိပညာပေးခြင်းများအား ဆောင်ရွက်လျက်ရှိကာ CSO အဖွဲ့များမှလည်း ဆောင်ရွက်မှုများရှိနေကြောင်း သိရသည်။

“ပါတီအလိုက်ဆောင်ရွက်တာရှိတယ် ကိုယ်စား လှယ်လောင်းတွေကလည်း ဆောင်ရွက်နေပါတယ် အရင်တုန်းကလည်းဆောင်ရွက်ခဲ့ပါတယ်  မီဒီယာတွေကနေတဆင့် လုပ်ဆောင်ရင်လည်းပိုပြီးထိရောက်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲအသိပညာပေးတာတွေကိုဆောင်ရွက်သွားမှာပါ”ဟု UEC အဖွဲ့ဝင်ဦးခင်မောင်ဦးကပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းအား ဥပဒေ၊နည်းဥပဒေဘောင်များဖြင့် အတည်ပြုပြဌာန်းပြီးပါက အသင့်စီစဥ်ထားတဲ့အတိုင်း UEC မှဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC အဖွဲ့ဝင်ဦးခင်မောင်ဦး၏ပြောကြားချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြု

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆) ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အဖွဲ့ (၁၈) ဖွဲ့ရှိပြီး ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်။ ပါတီပွဲတစ်ခုတွင် အားပေးအားမြှောက်လုပ်နေသည့် လူအုပ်ကြား၌ ထာနာကမ်က ဝီစကီပုလင်းသေးတစ်လုံးကို အမြန်မော့သောက်ပြနေသည့် ဗီဒီယိုဖိုင်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီပွဲတက်သူအချို့က မိုဘိုင်းလ်ဖုန်းများဖြင့် သူ့ကို ဗီဒီယိုရိုက်နေခဲ့ကြသည်။ အလောင်းအစားဖြင့် အရက်သောက်ပြခဲ့ပြီးနောက် ထာနာကမ်သည်...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေ(၆၆)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် Free Land Attack Force...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071