Sunday, December 22, 2024

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ...

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက်...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊...

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့်...

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့်...

မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်ပြင်ဆင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ကပ်လှူပူဇော်ရာ၌ စေတီတော်၏ ငှက် ပျောဖူးတော်တွင် ၉ လက်မပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေ့ပြား(၁၇၂)ချပ်၊...
HomeInternationalမြောက်ကိုရီးယားနှင့်ဆွေးနွေးမှု ဟန်ပြသက်သက်မဖြစ်သင့်ဟုတောင်ကိုရီးယားသမ္မတဆို

မြောက်ကိုရီးယားနှင့်ဆွေးနွေးမှု ဟန်ပြသက်သက်မဖြစ်သင့်ဟုတောင်ကိုရီးယားသမ္မတဆို

မြောက်ကိုရီးယားနှင့်ဆွေးနွေးမှု ဟန်ပြသက်သက်မဖြစ်သင့်ဟုတောင်ကိုရီးယားသမ္မတဆို

ဆိုလ်း၊ဩဂုတ် ၁၇

မြောက်ကိုရီးယားနှင့်ဆွေးနွေးမှုများသည် နိုင်ငံရေးအရဟန်ပြသက်သက်မဟုတ်ဘဲ ငြိမ်းချမ်းရေးကိုအမှန်တကယ်ဖော်ဆောင်ရန် အထောက်အကူဖြစ်သင့်သည်ဟု တောင်ကိုရီးယားသမ္မတ မစ္စတာ ယွန်းဆော့ယော်က ၎င်း၏ရာထူးသက်တမ်း ရက် ၁၀၀ ပြည့်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

နျူလက်နက်ထုတ်လုပ်မှုကို အဆုံးသတ်ကာ နျူကလီးယားကင်းစင်ရေးစတင်ပါက မြောက်ကိုရီးယားအား အဆင့်အလိုက်စီးပွားရေး အကူအညီများပေးအပ်ရန် ဆန္ဒရှိသည်ဟုလည်း မစ္စတာယွန်းက ဆိုကာ ၎င်းမဲဆွယ်ချိန်ကတည်းက  ပြုံယမ်းနှင့်တေွ့ဆုံဆွေးနွေးရန်တောင်းဆိုခဲ့သည်။

တောင်နှင့်မြောက် ခေါင်းဆောင်များနှင့် အဓိကလုပ်ဆောင်နေသည့် အရာရှိများအကြား ဆွေးနွေးမှုနှင့်စေ့စပ်ညှိုနှိုင်းမှုများသည် နိုင်ငံရေးဟန်ပြသက်သက်မဟုတ်ပဲ ကိုရီးယားကျွန်းဆွယ်နှင့်အရှေ့မြောက်အာရှတွင် ခိုင်မာသောငြိမ်းချမ်းရေး တည်ထောင်ရန်အတွက်လည်း အထောက်အကူပြုသင့်သည်ဟု ၎င်းကဆိုသည်။

သမ္မတ၏ ယခု‌ေပြာကြားမှုသည် ယခင်သမ္မတ မွန်းဂျယ်အင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်၊ထိုအချိန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ပါဝင်သည့်  ထိပ်သီးအစည်းဝေးများကို ဝေဖန်လိုက်ခြင်းပင်ဖြစ်သည်။

အဆိုပါတွေ့ဆုံမှုများကြားမှပင် ၂၀၁၉ ခုနှစ်၌ နျူကင်းစင်ရေးဆွေးနွေးပွဲများ ရပ်တန့်သွားခဲ့ပြီး မြောက်ကိုရီးယားက ၎င်းအပေါ်ပိတ်ဆို့အရေးယူမှုများကို ရပ်တန့်ရန်တောင်းဆိုခဲ့သော်လည်း မိမိတို့၏ကာကွယ်ရေးစနစ်ကိုတော့ လက်လျှော့လိုက်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယားမှ ၎င်း၏နျူလက်နက်ကိုစွန့်လွှတ်ပါက မြောက်ကိုရီးယား၏လုံခြုံရေးကို အာမခံချက်ပေးနိုင်သည့်အနေအထားတွင် မရှိသေးသော်လည်း ဆိုလ်းအနေဖြင့် ပြုံယမ်းကို အတင်းအကြပ်ဖိအားပေးကာ အစိုးရအပြောင်းအလဲပြုလုပ်လာခြင်းကို မလိုလားသဖြင့် ယင်းသို့ဖြစ်လာပါက လက်ပိုက်ကြည့်နေမည်မဟုတ်သောကြောင့်် နျူလက်နက်ထုတ်လုပ်ရေးကြိုးပမ်းမှုကို ရပ်တန့်စေလိုကြောင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ မကြာသေးမီကပြုလုပ်ခဲ့သော ဒုံးကျည်စမ်းသပ်မှုများနှင့် နျူလက်နက်ထုတ်လုပ်ရေး ကြိုးပမ်းမှုများကြောင့် တောင်ကိုရီးယားတွင်လည်း ၎င်းကိုယ်ပိုင်နျူလက်နက် ထုတ်လုပ်သင့်မသင့် ငြင်းခုံမှုများလည်း ပြန်လည်အသက်ဝင်လာခဲ့သည်။

နျူလက်နက်မပြန့်ပွားရေး သဘောတူစာချုပ် (NPT) ၌ ကတိပြုထားပြီး တောင်ကိုရီးယားအတွက် နျူမပြန့်ပွားရေးကိုပိုမိုလုပ်ဆောင်နိုင်ရန် အမေရိကနှင့်လည်းပူးပေါင်းဆောင်ရွက်နေသည်ဟု မစ္စတာယွန်းကပြောကြားခဲ့သေးသည်။

Source – Reuters/fh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းနှင့် ရွှေကူအထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ထွက်ခွာကြရန် ကယ်‌ဆယ်ရေးအဖွဲ့များ ထပ်မံသတိပေး

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော်မြို့တွင် ကျန်ရှိနေသူများ စင်းခန်းကျေးရွာနှင့် ရွှေကူမြို့အထိ ရေလမ်းကြောင်းဖွင့်ထားစဉ် ‌အမြန်ဆုံးထွက်ခွာထားကြရန် ဒေသတွင်း ကူညီကယ်‌ဆယ်ရေးအဖွဲ့များ ယနေ့တွင် ထပ်မံသတိပေးထားသည်။ "အခုအချိန်မှာ ရသလောက် စင်းခန်း သို့မဟုတ် ရွှေကူမြို့လောက်ထိ ရေလမ်းထွက်လို့ရနေတုန်းမို့ ထွက်ထားကြပါရန် ထပ်ကာ ထပ်ကာ ဆော်ဩနေပါတယ်။ အသက်အန္တရာယ်အရေးကြီးနေချိန်မို့ အခြားအရာအားလုံးထက် ပထမဦးစား‌ပေးစဉ်းစားပေးကြဖို့ တိုက်တွန်းပါရစေ။" ဟု ဆိုသည်။ ယမန်နေ့က စင်းခန်းကျေးရွာသို့ ရောက်ရှိနေသော ဒေသခံစစ်ရှောင် (၃၀) ကျော်အား သွားရောက်ကယ်ထုတ်လာသည့် ဒေသတွင်း ပူးပေါင်းကူညီကယ်ဆယ်ရေးအဖွဲ့ ယာဉ်(၃)စီးသည် ယနေ့ မန္တလေးမြို့သို့ ထပ်မံ...

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြား

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၏ အုပ်ချုပ်ရေးနယ်မြေများအတွင်း ဖွံ့ဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ကာကွယ်ရေးတို့ကို စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၂၁)ရက် နံနက်(၁၀)နာရီ အချိန်၌ ရှမ်း/တောင် မိုင်းပန်မြို့တွင် ပြုလုပ်သည့် ဒေသန္တရအုပ်ချုပ်ရေးသင်တန်းအပတ်စဉ် (၁/၂၄) သင်တန်း ဆင်းပွဲသို့ တက်ရောက်စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ် အနေဖြင့် ယခုလ ဒီဇင်ဘာ (၄)ရက်မှ ဒီဇင်ဘာ(၂၀)ရက်အထိ (၂) ပတ်ကျော်ကြာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။ သင်တန်းအား RCSS/SSA ၏...

မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်၍ နှစ်သစ်ကူးကာလ ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင် သုံးသပ်

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေ ပျက်ပြယ်တော့မည်ဖြစ်သောကြောင့် နှစ်သစ်ကူးကာလများအတွင်း ဖျက်မိုး/အခါလွန်မိုးများရွာနိုင်မည့် အခြေအနေမရှိတော့ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ သုံးသပ်ချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၏ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်နိုင်ချေများမှာ ဒီဇင်ဘာ (၂၅)ရက် (၂၆) ရက်တို့တွင် အဆုံးသတ်တော့မည်ဖြစ်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ "တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံအရှေ့တောင်ဘက်က INVEST-98W နဲ့ INVEST-99W တို့သည်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မှ INVEST-91B သည်လည်းကောင်း ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးမုန်တိုင်းဖြစ်နိုင်ချေများအဖြစ် အစပျိုးခဲ့ပြီး ၎င်းတို့အားလုံး ဒီဇင်ဘာ (၂၅) ရက်ကျော်လျှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071