မိုး​ရေချိန်နှင့် ဒီ​ရေမြင့်တက်မူ​ကြောင့် ရန်ကုန်မြို့အတွင်းစံချိန်တင် ​ရေကြီး​ရေလျှံ ​နေမူများအတွက် ​ရေစီး​ကောင်း​အောင် လုပ်​နေရ

0
244

မိုး​ရေချိန်နှင့် ဒီ​ရေမြင့်တက်မူ​ကြောင့် ရန်ကုန်မြို့အတွင်းစံချိန်တင် ​ရေကြီး​ရေလျှံ ​နေမူများအတွက် ​ရေစီး​ကောင်း​အောင် လုပ်​နေရ

ရန်ကုန်မြို့တွင် ယမန်နေ့ နံနက်မှ ယနေ့နံနက်အထိ မိုးရေ ချိန် (၆.၆၉) လက်မအထိ သည်းထန်စွာရွာသွန်းခဲ့ပြီး  ဒီ ရေမြင့်တက်မှု အနေဖြင့်လည်း ယနေ့နံနက်ပိုင်းတွင် (၁၉. ၈ ၈) ပေထိ မြင့်တက်ခဲ့သည့်အတွက် ရန်ကုန် မြို့တွင်း ရေ ကြီးရေလျှံမှုများအား ရေစီးရေလာကောင်းသွား​စေရန် လုပ်​ဆောင်နေရကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၊ (၁) ရပ်ကွက်၊ အောင်ရတနာလမ်း တွင် လသာမြို့နယ်၊ လမ်းမတော်မြို့နယ်များ တစ်လျှော က် စီးဆင်းလာပြီး ရွာသစ်ချောင်းအတွင်းသို့ စီးဝင်သည့် ကျုံးကြီးမြောင်း ရေစီးရေလာအခြေအနေ၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားလမ်းရှိ ရွာသစ်ချောင်း မြစ်ထွက်ပေါက်တွင် ရေတံခါးများပိတ်၍ တစ်နာရီလျှင် ရေဂါလံ (၁၉၀,၀၀၀) စုပ်ယူနိုင်သည့် ရေစုပ်စက်ဖြင့် ရန်ကုန်မြစ်အတွင်းသို့ ရေစုပ်ထုတ်နေမှုတို့ကို YCDC က ချိန်ညှိလုပ်​ဆောင်​နေသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)သည် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းချိန်နှင့် ဒီရေတက်ချိန်တိုက်ဆိုင်ပါက မြို့တွင်းရှိချောင်းများ၊ ရေနုတ်မြောင်းများမှ ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်းများအတွင်းသို့ စီးဝင်သည့် မြစ်ထွက်ပေါက် များ၏ ရေတံခါးများပိတ်၍ တပ်ဆင်ထားသည့် ရေစုပ်စက်များဖြင့်မြို့တွင်းမှ ရေအားစုပ်ထုတ်၍ ရေကြီးရေလျှံမှုမဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိသည်။ 

ယခုအခါ မုတ်သုန်လေအားအလွန်ကောင်းခြင်းနှင့် အ ရှေ့ဘက်မှဆင်းလာသည့် လေပွေလှိုင်းများကြောင့် ကမ်း ရိုးတန်းဒေသတစ်လျှောက် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဆက်လက်၍ မိုးထစ်ချုန်းရွာရန် ခန့်မှန်းထားသဖြင့် ​ရေကြီးနိုင်​ခြေများလျက်ရှိသည်။

အရင်နှစ်တွေက စပြီးလုပ်နေ​သော ​​မြေ​အောက်ရေစုကန် Downtown Drainage Project ကြောင့်ခါတိုင်း ရေလျှံ​လေ့ရှိသည့် မြို့တွင်းလမ်းအများစု အခြေအနေမဆိုး​လောက်​သော်လည်း ​ဝေဇယန္တာမီးပွိုင့်နားတဝိုက် ​ရေကျန်​နေတတ်​လေ့ရှိသည်။ ငါးမိုးရိပ်​ချောင်းနှင့်နီး​သော သုဝဏ္ဏဝန်းကျင်တွင်လည်း အိမ်တွင်း ​ရေဝင်မူများ ကြုံ​တွေ့ခဲ့ကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here