ဂျပန်နိုင်ငံသား ရုပ်ရှင်ဒါရိုက်တာ ကို အီလက်ထရောနစ် ဥပဒေဖြင့်ပါ အမှုဖွင့်ရန် စီစဉ်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
252

ဂျပန်နိုင်ငံသား ရုပ်ရှင်ဒါရိုက်တာ ကို အီလက်ထရောနစ် ဥပဒေဖြင့်ပါ အမှုဖွင့်ရန် စီစဉ်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

လက်ရှိတွင် ဗီဇာစည်းကမ်းဖောက်ဖျက်မှု ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုတို့ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည့် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာကို အီလက်ထရောနစ်ဥပဒေဖြင့်ပါ ထပ်မံတရားစွဲမည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဩဂုတ်လ (၁၇) ရက်က ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်​တော်ပြောချင်တာ ရှင်းရှင်းလေးပဲ ။ ကျွန်တော်တို့အနေနဲ့ သူ့ကို အမှု (၃) ခုနဲ့ စွဲဆိုဖို့ဖြစ်တယ်။ နံပါတ် (၁) သည် ဗီ ဇာဖောက်ဖျက်မှု ၊ နံပါတ်(၂) သည် မမှန်သတင်းဖြန့်မှု၊ နံပါတ်(၃) သည် အီလက်ထရောနစ် ဥပဒေနဲ့ စွဲဖို့ဖြစ်တယ် ၊ တရားမစွဲရသေးဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဂျပန်နိုင်ငံသား Toru kubota ကို ပြီးခဲ့သည့် ဇွန်လ လကုန်ပိုင်းက ရန်ကုန်မြို့က ဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီခံခဲ့ရပြီး လက်ရှိတွင် အမှု (၂) ခုဖြင့် အမှုဖွင့် တရား စွဲဆိုထားခြင်း ဖြစ်သည်။

” မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံမှာ ဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ လာလုပ်တာကို ဘယ်နိုင်ငံကိုမှ လက်မခံဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဂျပန်နိုင်ငံသား Toru Kubota ကို Visa ဖောက်ဖျက်မှု၊ လဝကဥပဒေ ၁၃(၁)၊ ပုဒ်မ ၅၀၅(က) တို့ဖြင့် နစကက တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ ဂျပန်နိုင်ငံသားကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုများရှိနေပြီး ပြီးခဲ့သည့် ရက်အတွင်းက ဂျပန်အောက် လွှတ်တော်အမတ်နှင့် နစက ဥက္ကဋ္ဌ တွေ့ဆုံရာတွင်လည်း အဆိုပါ ရုပ်ရှင်ဒါရိုက်တာ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here