နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့တွေ့ဆုံ

0
303

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့တွေ့ဆုံ

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုလင်းဟေဇာတို့သည် ယနေ့‌ နေ့ခင်းပိုင်းတွင် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ၌တာဝန်ပေးခန့်အပ်ခြင်း ခံရသည့် ကုလသမဂ္ဂအထူးသံတမန်သည် သူမ၏ ပထမဆုံးအ ကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း လတ်တလော ဖြစ်ပေါ်နေသည့် မြန်မာ့ အရေး အကြပ်အတည်းများနှင့် ပတ် သက်၍ နစက ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာ သည် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။ 

အမျိုးသမီးများ၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်အာရုံစိုက်သည့် UNIFEM ကို ၁၉၉၄ မှ ၂၀၀၇ ခုနှစ်အထိဦးဆောင်ခဲ့သူ ဟေဇာသည် စင်္ကာပူနိုင်ငံမှ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။

သူမသည် ၂၀၀၇ မှ ၂၀၁၄ ခုနှစ်အထိ ကုလသမဂ္ဂ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ အမှုဆောင်အတွင်းဝန်အဖြစ် ထမ်းဆောင်ခဲ့သည့် ပထမဆုံးအမျိုးသမီးလည်းဖြစ်သည်။

အထူးကိုယ်စားလှယ် နိုလင်းဟေဇာ၏ ခရီးစဉ်တွင် ကု လသမဂ္ဂလုံခြုံရေးကောင်စီ၏ နောက်ဆုံးတောင်းဆိုမှုဖြစ်သည့် အကြမ်းဖက်မှု အားလုံးကိုချက်ချင်း အဆုံး သတ်ရန်နှင့် ပဋိပက္ခများ ဖြစ်ပွားနေသော နေရာများမှ ဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးကင်းမဲ့စွာ ဝင်ရောက်ခွင့်ရရှိရေးတို့အတွက်လည်း ဆွေးနွေးသွားရန် ရှိကြောင်း ကုလသမဂ္ဂက ဖော်ပြထားသည်။

အထူးသံတမန်၏ မြန်မာခရီးစဉ်၌ နိုင်ငံရေးရပ်ဝန်းမှ ပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသည့် လူမှုအသိုက်အဝန်းများနှင့်လည်း ကျယ်ပြန့်စွာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ကုလသမဂ္ဂမှထုတ်ပြန်ထားသည်။

နစက ဘက်မှ ယခုတွေ့ဆုံခြင်းနှင့်ပတ်သတ်၍ သတင်းအချက်အလက် အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here