ဂူတာရက်စ်၊ ဇလန်စကီးနှင့် အဲဒိုဝန်တို့ ယူကရိန်း၌ ဩဂုတ် ၁၈ ရက်တွင် တွေ့ဆုံမည်

0
104

ဂူတာရက်စ်၊ ဇလန်စကီးနှင့် အဲဒိုဝန်တို့ ယူကရိန်း၌ ဩဂုတ် ၁၈ ရက်တွင် တွေ့ဆုံမည်

ကိဗ်၊ ဩဂုတ် ၁၇

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်သည် ယခုအပတ်အတွင်း ယူကရိန်းနှင့် တူရကီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဩဂုတ်လ ၁၆ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

ကိဗ်အစိုးရက ၎င်း၏ နျူကလီးယားစွမ်းအင်ဆိုင်ရာ အေဂျင်စီ၏ ဝက်ဘ်ဆိုက်ပေါ်တွင် ယခင်က မကြုံဖူးသော ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ခံခဲ့ရသည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်း အဆိုပါ တွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။


ဂူတာရက်စ်သည် ဩဂုတ်လ ၁၈ ရက် ကြာဿပတေးနေ့ ၌ ယူကရိန်းသမ္မတ ဇလန်စကီး၊ တုကီယေးသမ္မတ တိုင်ယစ် အဲဒိုဝန် တို့နှင့်အတူ ယူကရိန်းနိုင်ငံအနောက်ပိုင်း လဗျူ့စ်မြို့တွင် ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်သည်။

“ဒီပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ လိုအပ်မယ့်အရာတွေကို ဆွေးနွေးသွားမှာပါ” ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ် က ဆိုသည်။

ထို့နောက် ဂူတာရက်စ်သည် တူရကီနိုင်ငံသို့ မသွားရောက်မီ စပါးတင်ပို့ရန် သဘောတူညီထားသည့် ဆိပ်ကမ်းသုံးခုအနက်မှ တစ်ခုဖြစ်သည့် ယူကရိန်းဆိပ်ကမ်းမြို့ အိုဒက်ဆာ သို့ သောကြာနေ့တွင် သွားရောက်မည်ဖြစ်သည်။


ရုရှား-ယူကရိန်း အရေးအခင်းကို အဆုံးသတ်ရန်အတွက် သံတမန်ရေးရာ ကြိုးပမ်းမှုများ ကိုဆက်လက် ဆောင်ရွက်နေချိန်တွင် ယူကရိန်း၏ နျူကလီးယားအေဂျင်စီ Energoatom က ၎င်း၏ ၀က်ဘ်ဆိုက်တွင် ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် ၎င်း၏ လုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည်။

၎င်းတိုက်ခိုက်မှုသည် ယူကရိန်းအရေးအခင်း စတင်ကတည်းက Energoatom ၀က်ဘ်ဆိုက်တွင် ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံး ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ကြောင်းနှင့် ရုရှားပိုင်နက်မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း အေဂျင်စီက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here