မိုးခေါင်ရေရှားမှုကြောင့် အမေရိက၌ ပြည်နယ်အချို့အား ရေဖြတ်တောက်

0
132

မိုးခေါင်ရေရှားမှုကြောင့် အမေရိက၌ ပြည်နယ်အချို့အား ရေဖြတ်တောက်

သဘာဝဘေးကို ပိုမိုဆိုးရွားစေသည့်လူတို့၏လုပ်ရပ်များကြောင့် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လာကာ မိုးရွာသွန်းမှုသည်ပုံမှန်အောက်သို့ ဆယ်စုနှစ် နှစ်စုကျော်တိုင် များစွာလျော့နည်းနေသဖြင့် အမေရိကန်အနောက်ပိုင်းရှိ ကော်လိုရာဒိုမြစ်သည် ကပ်ဘေးအဆင့်တွင်ရှိနေသည်။

ဝါရှင်တန် အာဏာပိုင်များ၏ ပြောကြားချက်အရ မိုးခေါင်ရေရှားမှု နေ၍ ကော်လိုရာဒိုမြစ်၏ ကပ်ဘေးကို ကာကွယ်ရန် အမေရိကရှိပြည်နယ်အချို့နှင့် မက္ကဆီကိုသို့ ရေပေးဝေမှု လျော့ကျသွားမည်ဖြစ်ကြောင်းသိရှိရသည်။

၎င်းတို့၏ ရေသုံးစွဲမှုပမာဏကို လျှော့ချရန် နှစ်ပေါင်းများစွာ သတိပေးချက်များထုတ်ပြန်ခဲ့ပြီး ဝါရှင်တန်ကချမှတ်သော ရေပေးဝေမှုဖြတ်တောက်ရေး နောက်ဆုံးရက်ကိုကြေငြာပြီးသော်လည်း ကော်လိုရာဒိုအပေါ်မှီခိုနေရသော ပြည်နယ်များက ယခုအစီစဉ်ကိုလက်မခံသဖြင့်ပြည်‌ေထာင်စုအစိုးရကကြားဝင်ဖြေရှင်းခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၌ Arizona ၏ခွဲဝေမှုသည် ၂၁ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ပြီး Nevada သည် ၈ ရာခိုင်နှုန်း လျော့နည်းသွားမည်ဖြစ်ကာ မက္ကဆီကို၏ ခွဲဝေသုံးစွဲမှုသည် ၇ ရာခိုင်နှုန်း လျော့ကျသွားမည်ဖြစ်သည်။

သို့သော် အနောက်ပိုင်းပြည်နယ်များအနက် လူဦးရေအများဆုံးနှင့် မြစ်ရေအများဆုံးသုံးစွဲသော ကယ်လီဖိုးနီးယားပြည်နယ်ကိုမူ လာမည့်နှစ်တွင် ရေဖြတ်တောက်မည်မဟုတ်ဟုဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အထက်ပိုင်းပြည်နယ်များမှ တာဝန်ရှိသူများကမူ ကယ်လီဖိုးနီးယားသည် ရေအပါအဝင်အခြားဖြတ်တောက်မှုများမှ ကင်းလွတ်ခွင့်ရနေခြင်းက တရားမျှတမှုမရှိဟု အင်္ဂါနေ့ကဝေဖန်ခဲ့ကြသည်။

ပြည်နယ်၏ ရေအရင်းအမြစ်ဌာန ဒါရိုက်တာ Tom Buschatzke နှင့် Central Arizona Project ၏ အထွေထွေမန်နေဂျာ Ted Cooke တို့ကလည်း “အချိုးကျခွဲဝေမှုတွင် မပါဝင်ရသေးသော အခြားသူများ၏အကျိုးအတွက် ယခုကဲ့သို့မညီမျှသော လျော့ချရေးကိုပြုလုပ်နေရခြင်းသည် အရီဇိုးနားပြည်နယ်အတွက် လက်ခံနိုင်စရာမရှိ” ဟုပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းသည် ၂၃ နှစ်ကြာ မိုးခေါင်ရေရှားမှုအလယ်၌ရောက်ရှိနေပြီး ယခုတစ်ကြိမ်သည် နှစ် ၁၀၀၀ ကျော်အတွင်း အဆိုးရွားဆုံးဖြစ်သည်။ယခုအခါ နိုင်ငံ၏ ကြီးမားသောဧရိယာများသည် ခြောက်သွေ့နေပြီး မိုးခေါင်မှုရေရှားမှု၏နောက်ဆက်တွဲအနေဖြင့် ပိုမိုပူပြင်းလျက် ဆိုးရွားသော တောမီးများ ကြုံတွေ့ရနိုင်ချေရှိသည်။

ကော်လိုရာဒိုမြစ်၏ ကပ်ဘေးနှင့်ကြမ်းတမ်းသောအနာဂတ်ကို တားဆီးရန်အတွက် မြစ်ဝှမ်းအတွင်း ရေအသုံးပြုမှုကို လျှော့ချရမည်ဖြစ်သည်ဟု အမေရိကန်ပြည်ထဲရေးဌာနမှ Tanya Trujillo ကဆိုသည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here