ကျိုင်းတုံမြို့နှင့်ပင်လောင်းမြို့တို့တွင် မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးရမိခဲ့

0
225

ကျိုင်းတုံမြို့နှင့်ပင်လောင်းမြို့တို့တွင် မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးရမိခဲ့

ရှမ်းပြည်နယ်ရှိ ကျိုင်းတုံမြို့နှင့်ပင်လောင်းမြို့တို့တွင် သြဂုတ် ၁၅ ရက်နံနက်ပိုင်းနှင့်မွန်းတည့်ပိုင်းတို့က မူးယစ်ဆေးဝါးအများအပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့နံနက် ၆ နာရီခွဲက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့အဝင်  ကျိုင်းဖောင်းစစ်ဆေးရေးဂိတ်၌ စိုင်းတစ် မောင်းလာသည့် ဆိုင်ကယ်အားသတင်းအရရှာဖွေခဲ့ကြသည်။


ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ကက်တမင်း ၅၃ ကီလိုနှင့်အိုက်စ် ၁၄ ကီလိုအား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ ၎င်းနှင့်အတူ သယ်လာသူများဖြစ်သည့် စိုင်းဆမ်အား နံနက် ၇ နာရီတွင် ကျိုင်းတုံမြို့၊အကောက်ခွန်ရုံးရှေ့၌ အိုက်စ် ၄၀ ကီလို၊ စိုင်းဆမ်အား နံနက် ၇ နာရီခွဲတွင် ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း၏ ကျိုင်းတုံမြို့အထွက်တိုးဂိတ်၌ အိုက်စ် ၆၆ ကီလို၊ကက်တမင်း ၆ ကီလိုတို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအားစစ်ဆေးရာ ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးများအား မိုင်းပျဉ်းမြို့နယ်မှတာချီလိတ်မြို့ နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။


အလားတူ ယင်းနေ့မွန်းတည့် ၁၂ နာရီတွင်လည်း ပင်လောင်းမြို့ရှိ လိန်းလီကြိုးတံတားထိပ်တွင် ပင်လောင်းမြို့ဘက်မှပေါင်းလောင်းမြို့ဘက်သို့ ခွန်ဆန်းယု(၄၅)နှစ် မောင်းကာ ခွန်မောင်သိန်း (၄၁)နှစ်လိုက်လာသည့် HIJET ကားအား ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား ၈၂၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။


ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရ မိခဲ့သူများအား သက်ဆိုင်ရာရဲစခန်းများက မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here