ရနောင်းမြို့မှတဆင့် ကလေးငယ် ၈ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၇၂ ဦးပြန်လည်ဝင်ရောက်လာ

0
202

ရနောင်းမြို့မှတဆင့် ကလေးငယ် ၈ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၇၂ ဦးပြန်လည်ဝင်ရောက်လာ

ထိုင်းနိုင်ငံ၊ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ကော့သောင်းမြို့သို့ ကလေးငယ် ၈ ဦးအပါအဝင် မြန် မာနိုင်ငံသား ၁၇၂ ဦးသည် သြဂုတ် ၁၇ ရက်မွန်းတည့် ၁၂ နာရီက ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။


အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် လွတ်ရက်စေ့၍ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံသား အမျိုးသား ၁၁၆ ဦး၊အမျိုးသမီး ၄၈ ဦး၊ကလေးငယ်အမျိုးသား ၆ ဦးနှင့်ကလေးငယ်အမျိုးသမီး ၂ ဦး(စုစုပေါင်း ၁၇၂ ဦး)သည် ပဲ့ချိတ်လှေ ၁၀ စီးဖြင့်ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။


၎င်းတို့အား အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှတာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန် ရှိသူများက ပို့ဆောင်ပေးခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here