ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် လေ ဖိအားနည်းရပ်ဝန်းသည် လာမည့် ၃၆ နာရီအ တွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ဟု မိုးဇလခန့်မှန်း

0
159

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် လေ ဖိအားနည်းရပ်ဝန်းသည် လာမည့် ၃၆ နာရီအ တွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ဟု မိုးဇလခန့်မှန်း

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့်ဆက်စပ်နေသည်ြ ဘင်္ဂလားပင်လယ်အော်အရှေ့ မြောက်ပိုင်း၊ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေ သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၈ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲက ထုတ်ပြန်ခဲ့သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် ယနေ့နံနက်မှ သြဂုတ် ၂၀ ရက်အတွင်း ရန် ကုန်တိုင်း၏ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလကခန့်မှန်းထားသည်။

ထို့ပြင် နေပြည်တော်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ချင်း ပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင်လည်း နေရာအနှံ့အပြား၌ မိုး သည်းထန်စွာရွာသွန်းနိုင်သည်ဟု ခန့်မှန်းထား သည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းချိန်တွင် လေပြင်းတိုက်ခတ်မှုများလည်းဖြစ်ပေါ်နိုင်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း လှိုင်းအမြင့် ၉ ပေမှ ၁၃ ပေခန့်အထိရှိကာ တစ်နာရီလျင် မိုင် ၄၀ အထိရှိသည့် လေပြင်းများတိုက်ခတ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ရေကြီးခြင်း၊မြေပြိုကျခြင်းများဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများအား ကြိုတင်သတိပြုကြရန် မိုးလဇက အကြံပြုထုတ်ပြန်ခဲ့သည်။

အလားတူ ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလက အသိပေးနှိုးဆော်ထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here