၁၂ ကြိမ်မြောက် ကျင်းပသည့် အာခါရိုးရာစုပေါင်း ဒန်း စီးပွဲတော် ကို မိုင်းဆတ်မြို့တွင် ကျင်းပနေ

0
860

၁၂ ကြိမ်မြောက် ကျင်းပသည့် အာခါရိုးရာစုပေါင်း ဒန်း စီးပွဲတော် ကို မိုင်းဆတ်မြို့တွင် ကျင်းပနေ 

၁၂ ကြိမ်မြောက် ကျင်းပသည့် အာခါရိုးရာစုပေါင်း ဒန်း စီးပွဲတော် (သို့) စည်းလုံးခြင်း ဒန်းစီးပွဲတော်ကို  ရှမ်း ပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် မိိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်အုပ်စု အူးဖူဒေ့ (ခ) ဦးအားဆော် ကျေးရွာ တွင် သြဂုတ်လ ၁၆ ရက်မှ ၁၉ ရက်ထိ ပွဲတော် ကို ကျင်းပနေကြောင်းသိရသည်။ 

အဆိုပါ ပွဲတော်ကို အာခါရိုးရာ မိရိုးဖလာ စုပေါင်းဒန်းစီး ပွဲတော် အဖြစ် သတ်မှတ်ထားပြီး ဒန်းသည် အာခါ တိုင်း ရင်းသားများအတွက် အထွဋ်အမြတ် ထားရာနှင့် အလေး ထားရာပွဲတော်တစ်ခု ဖြစ်ကြောင်း သိရသည်။

ဝမ်းစာအတွက် ထွန်ယက် စိုက်ပျိုးထားသော စပါးအညွန့် စထွက်လာ၍ ဝမ်းမြောက်စွာဖြင့် လူကြီး ၊ လူငယ်    မိတ် သင်္ဂဟများပါ မကျန် ဖိတ်ခေါ်ပြီး ပျော်ပွဲရွင်ပွဲ ကျင်းပခြင်း နှင့်အတူ မင်္ဂလာ သီချင်းရွတ်ဆိုကာ ဒန်းကို အမြင့်ဆုံး အထိ လွှဲ စီးပြီး မိမိနှစ်သက်သူနှင့် ညားမည်ဆိုပါက တောင်ကြီးတစ်ခြမ်းလုံးအား စပါးခင်း ကြီး ဖြစ်အောင် လုပ်ဆောင် မည်ဟု သတ္တိအရာပြောင်မြောက် ကြောင်း ဒန်းစီးရင်း သီချင်းသီဆို ကျင်းပသည့် ပွဲတော်ဖြစ်ကာ  အားလုံးအတူတကွ ပါဝင်သော ဒန်း ကြိုးကို စံထား၍ တစ်အူတုံဆင်း ညီရင်းအစ်ကိုပမာ စည်းလုံးမှုကို အခြေခံသည့် ပွဲ တော် ဖြစ် သည်။

“ကျွန်တော် တို့ အာခါရိုးရာ တိုင်းရင်းသားတွေရဲ့ ၈ လပိုင်းမှာ ကျင်းပတဲ့ အာခါ ရိုးရာဒန်းစီးပွဲ တော် ရှိပါတယ်။ ကျွန်တော် တို့ ကျွဲ နေ့  ၊ ကျားနေ့ ၊ ယုန်နေ့ အဲလိုအစပြုပြီး ပွဲတော်ကို ကျင်းပပါတယ်။ ဒီမှာ ကျင်းပတာ( ၁၂) ကြိမ် ရှိပါပြီ။ အခု ဒီတခေါက်ပွဲတော်ကိုတော့ ပထမဆုံး ပြည်နယ်အဆင့်က တာဝန်ရှိသူ တွေ လာရောက် ကြပါတယ်”ဟု အာခါ တိုင်းရင်းသား အရပ်အကြီးအကဲ တစ်ဦးက ပြောသည်။ 

မိုင်းတွမ်းတောင်ပေါ်အုပ်စု အူးဖူဒေ့ (ခ) ဦးအားဆော် ကျေးရွာ တွင် အာခါအိမ်ခြေ ပေါင်း (၁၄၀) ကျော်ရှိပြီး အာခါတိုင်းရင်းသား (၄၀၀)ကျော် ရှိ ကြောင်း သိရသည်။

ပုံစာ –

၁၆ ရက်နေ့က  မိိုင်းဆတ်မြို့နယ်    မိုင်းတွမ်းတောင်ပေါ်အုပ်စု အူးဖူဒေ့ (ခ) ဦးအားဆော် ကျေးရွာ တွင် ကျင်းပနေသည့် အာခါရိုးရာ စုပေါင်းဒန်းစီး ပွဲတော်ကို တွေ့မြင်ရစဥ်။

Photos – Doedoe Aqkaq Zaq


LEAVE A REPLY

Please enter your comment!
Please enter your name here