မြိတ်မြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
309

မြိတ်မြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊မြိတ်မြို့၊အောင်ချမ်းသာရပ်ကွက်၏ ရပ်ကျေးအဖွဲ့ဝင်ရာအိမ်မှူးဦးအောင်သန်းသည် သြဂုတ် ၁၇ ရက်ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲကျော်က အမည်မသိအမျိုးသားများသည် မြိတ်မြို့ရှိ ကုန်တိုက်တစ်ခုအနီး၌ ဖွင့်လှစ်ထားသည့် ဝက်သားတုတ်ထိုးဆိုင်တွင်ရှိနေသည့် ရာအိမ်မှူးဦးအောင်သန်းအား ဆိုင်အတွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဦးအောင်သန်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အ ခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဝက်သားတုတ်ထိုးဆိုင်က သူ့အမျိုးသမီးရောင်းတာလို့သိရတယ် ဆိုင်မှာညနေဘက်ဝိုင်းကူရောင်းနေရင်းအပစ်ခံရတာပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အား မြိတ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့်မြိတ်ခရိုင်တပ် ရင်း(၂)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here