မော်လမြိုင်မြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးကာ ရွှေထည်ပစ္စည်းများလုယက်ယူဆောင်သွား ဓားထိုးခံရသူသေဆုံး

0
337

မော်လမြိုင်မြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးကာ ရွှေထည်ပစ္စည်းများလုယက်ယူဆောင်သွား ဓားထိုးခံရသူသေဆုံး

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊အောင်သုခရပ်ကွက်၊ဓာတ်ပေါင်းစေတီလမ်းတွင် သြဂုတ် ၁၈ ရက် (ယနေ့)နံနက်အစောပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်က ဓာတ်ပေါင်းစေတီလမ်းရှိ ၂ ထပ်နေအိမ်တစ်လုံးအတွင်းသို့ မျက်နှာဖုံးများတပ်ဆင်ထားသည့် အမည်မသိအမျိုးသား ၂ ဦးက ဓားများကိုင်ဆောင်ကာဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာပြီးနောက် နေအိမ်အောက်ထပ် အနောက်ဘက်တံခါးအနီးတွင်ရှိနေသည့် မသီတာဝင်း(၄၄)နှစ်၏ လည်ပင်းအားဓားဖြင့်ထိုး၍ အပေါ်ထပ်သို့တက်လာကာ အမျိုးသမီးကြီးတစ်ဦးအား ဓားဖြင့်ထောက်ပြီးဝတ်ဆင်ထားသည့် ဆွဲကြိုးနှင့်လက်ကောက်တို့အား လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်၌ မသီတာဝင်းသည် ညာဘက်လည်ပင်း၌ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေ ရာတွင် သေဆုံးသွား၍ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် မော်လမြိုင်မြို့မရဲစခန်းက အမှုဖွင့်ကာပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here