ISO လက်မှတ်ရရှိပြီး တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များဖြစ် လာစေရန် ကြိုးပမ်းရမည်

0
305

ISO လက်မှတ်ရရှိပြီး တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များဖြစ် လာစေရန် ကြိုးပမ်းရမည်

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာမျိုးသိန်းကျော်က ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“နည်းပညာတက္ကသိုလ်(သန်လျင်)ဟာ နိုင်ငံတကာအသိအမှတ်ပြု Quality Management System ဆိုင်ရာ ISO 9001:2015 စီမံခန့်ခွဲရေးစနစ်ကို အ ကောင်အထည်ဖော်ကျင့်သုံးလျက်ရှိပါတယ်  တက္ကသိုလ်တွေရဲ့ အရည်အသွေးအာမခံမှုနဲ့ပတ်သက်ပြီး အာဆီယံတက္ကသိုလ်များကွန်ယက် ASEAN University Network-Quality Assurance (AUN-QA)ရဲ့ Associate Membership တက္ကသိုလ် ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် ရန်ကုန်နည်းပညာတက္ကသိုလ်သည်လည်း Quality Management System ဆိုင်ရာ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်များ ရရှိထားကာ အာရှနှင့်ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုအဖွဲ့အစည်း (Federation of Engineering Institutions of Asia and Pacific)၏ ပဏာမအသိအမှတ်ပြုမှုလက်မှတ် Provisionally Accredited နှင့်အပြည့် အဝအသိအမှတ်ပြုမှုလက်မှတ် Fully Accredited များ ရရှိခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် တက္ကသိုလ်များအနေဖြင့် ရရှိထားသည့် အရည်အသွေးအာမခံမှုများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရန်လိအပ်ကာ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်း သား၊ကျောင်းသူများအား အင်ဂျင်နီယာ ဘာသာရပ်များကို စာတွေ့လက်တွေ့တက်မြောက်အောင် သင်ကြားပေးရန် လိုအပ်သည်ဟုပြောသည်။

“စာတွေ့အပြင် လက်တွေ့ကျတဲ့ သင်ခန်းစာတွေနဲ့ သင်ကြားပေးပြီး လက်တွေ့အသုံးချ သုတေသန လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

အလားတူ ကွန်ပျူတာတက္ကသိုလ်များကိုလည်း ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုနိုင်ရန် Seoul Accord နှင့်အညီဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာတက္ကသိုလ်များနည်းတူ ICT နည်းပညာအား အသုံးပြုသည့် Learning Management System(LMS) သင်ကြားသင်ယူမှုစနစ်များ အသုံးပြု၍ လွယ်ကူလျှင်မြန် ထိရောက်အကျိုးရှိစွာ သင်ကြားသင်ယူနိုင်ရန်ဆောင်ရွက်ရမည်ဟု ပြောသည်။

” ISO လက်မှတ်ရရှိပြီးဖြစ်တဲ့ တက္ကသိုလ်တွေ  အနေနဲ့ နိုင်ငံတကာကအသိအမှတ်ပြုတက္ကသိုလ်တွေဖြစ်လာအောင် ဆက်လက်ကြိုးပမ်းကြဖို့ လို အပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။

ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၁၅ ရက်က နည်းပညာတက္ကသိုလ်(သန်လျင်)နှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၊ ဩဂုတ် ၁၆ ရက်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အ လက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၊ ဩဂုတ် ၁၇ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here