ဗားစတခ် စစ်ရေးလေ့ကျင်မှု၌ ပါဝင်ရန် ရုရှားသို တရုပ်တပ်ဖွဲများ စေလွှတ်မည်
ပေကျင်း၊ သြဂုတ် ၁၇
တရုတ်စစ်တပ်၏ တပ်ဖွဲဝင်များသည် အိန္ဒိယ၊ ဘီလာရုစ်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်နှင့် အခြားနိုင်ငံများပါ ပါဝင်မည့် ရုရှားက ဦးဆောင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ပါဝင်ရန် ရုရှားနိုင်ငံသို သွားရောက်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ တရုတ်တပ်ဖွဲများ ပါဝင်လာမှုသည် လက်ရှိနိုင်ငံတကာနှင့်ဒေသတွင်းအခြေအနေများနှင့် မသက်ဆိုင်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်လက မော်စကိုသည် ဗားစတခ် အမည်ရ စစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်းနှင့် နိုင်ငံခြားတပ်ဖွဲဝင်အချို့ပါဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ စစ်ရေးလေ့ကျင့်မှု၌ ၎င်း၏ ပါဝင်မှုသည် ရုရှားနှင့် ပြုလုပ်ထားသည့် နှစ်နိုင်ငံ နှစ်စဉ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်ဟု ဆိုသည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ပါဝင်ရခြင်း၏ ရည်ရွယ်ချက်မှာ ပါဝင်သည့်နိုင်ငံများ၏ တပ်ဖွဲများနှင့် လက်တွေ့ကျကျ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ပါ၀င်သည့်သူများအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို မြှင့်တင်ရန်နှင့် အမျိုးမျိုးသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို တုံပြန်နိုင်စွမ်း အားကောင်းလာစေရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့လက်ထက်တွင် ပေကျင်းနှင့် မော်စကိုတို၏ ဆက်ဆံရေးသည် ပိုမိုကောင်းမွန်လာပြီး နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်လျက်ရှိသည်။
Source: ရိုက်တာ