ရန်ကင်းမြို့နယ်ရှိ ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့သူ ၅ ဦးအား ဖမ်းဆီးရမိခဲ့ဟု နစက ထုတ်ပြန်

0
464

ရန်ကင်းမြို့နယ်ရှိ ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့သူ ၅ ဦးအား ဖမ်းဆီးရမိခဲ့ဟု နစက ထုတ်ပြန်

ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်၊အမှတ်(၁၅) ရပ် ကွက်၊မိုးကောင်းလမ်းရှိ “မိုးကောင်းရတနာ”က လေးဆေးရုံအား ဇူလိုင် ၂၁ ရက်ည ၉ နာရီ ၅၀ မိနစ်ခန့်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သူ ၅ ဦးအား သြဂုတ် ၄ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့တို့၌ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်သူ ၅ ဦးသည် ကလေးဆေးရုံအား ဆေးရုံအရှေ့ လမ်းတစ်ဖက်ခြမ်းရှိ ဘောလုံးကွင်းဟောင်းအတွင်းမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်၍ ရန်ကင်းမြို့မရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၀(ည)တို့ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအားဖမ်း ဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်သူများအား ကားဖြင့်လိုက်လံပို့ဆောင်ပေးခဲ့သည့် ကားမောင်းသူ ရွှေပြည်သာမြို့နယ်နေ ကိုသန်းနိုင်(၄၅)နှစ်အား ဩဂုတ် ၄ ရက်ညပိုင်းတွင် ပါရမီလမ်းနှင့်က မ္ဘာအေးဘုရားလမ်းမီးပွိုင့်၌ အခင်းဖြစ်စဥ်ကအ သုံးပြုခဲ့သည့် ကားနှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ ပြစ်မှုကျူး လွန်ခဲ့သည့် ဂျယ်လီ(ခ)အောင်သူလွင် (၂၉)နှစ်၊ မိုက်(ခ)ဇော်ကြီး(ခ)ဇော်မျိုးထွဋ် (၂၃)နှစ်၊ ဒေါက် တာပြည့်ဖြိုးပိုင်(ခ)ကိုပြည့်(၂၇)နှစ် တို့အား သြဂုတ် ၆ ရက်၌ လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ ပြစ်မှုကျူးလွန်ချိန်က စောင့်ကြည့်ပေးခဲ့သူ ပန်ဒါ (ခ)မင်းမင်းဦး(၂၇)နှစ်ကိုလည်း ဩ ဂုတ် ၇ ရက်က ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှင့်အတူ ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည်(ဖြူးစ်) ၉ လုံး၊ Sigsauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈၀ ကျည် ၇၅ တောင့်၊ ၉ မမ ကျည် ၅၀ တောင့်၊ အသံတိပ်ပြောင်း ၁ ခု၊ ရှော့တိုက်ဒုံးများအား သိုဝှက်သယ်ဆောင်လာသည့် သံပီပါအခွံ ၂ လုံး၊ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများတွင် အသုံးပြုသည့် ပုလဲဓာတ်မြေဩဇာအိတ် ၄ လုံး တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပမြို့ နယ်၊ရွှေပြည်သာမြို့နယ်တို့ရှိ နေရာအချို့တွင် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဥ်များကိုလည်း ဖော်ထုတ်သိရှိခဲ့ရကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here