ကမ္ဘောဒီးယား အမေရိကကုန်သွယ်မှု ခုနစ်လအတွင်းဒေါ်လာ ၆ ဘီလီယံနီးပါးရှိ

0
205

ကမ္ဘောဒီးယား အမေရိကကုန်သွယ်မှု ခုနစ်လအတွင်းဒေါ်လာ ၆ ဘီလီယံနီးပါးရှိ

ကမ္ဘောဒီးယား အမေရိက နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် ပထမခုနစ်လအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၈၉၂ ဘီလီယံရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်းတိုးမြင့်လာသည်ဟုသိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဇန်နဝါရီလမှ ဇူလိုင်လအထိ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅ ဒသမ ၆၉၅ ဘီလီယံဖိုး အမေရိကန်သို့တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၇ ရာခိုင်နှုန်း တိုးမြင့်လာသည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရှိရသည်။ အမေရိကမှ ကမ္ဘောဒီးယားသို့ ပြန်လည်တင်ပို့မှုလည်း ကန်ဒေါ်လာ ၁၉၆ သန်းကျော်ထိတိုးမြင့်လာပြီး ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်ဟုဖော်ပြထားသည်။

အမေရိကသို့ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များမှာ အထည်အလိပ်၊ဖိနပ်၊ခရီးသွားကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်ကြပြီး ၎င်း၏အဓိက တင်သွင်းကုန်များမှာ မော်တော်ယာဉ်များ၊ တိရစ္ဆာန်အစာနှင့် စက်ပစ္စည်းများဖြစ်ကြသည်။

Source – Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here