စက်သုံးဆီစျေးနှုန်းများပြန်တက်လာ၊ ယနေ့တွင် ၂၃၀၀ ကျပ်ကျော်ပြန်ဖြစ်

0
187

စက်သုံးဆီစျေးနှုန်းများပြန်တက်လာ၊ ယနေ့တွင် ၂၃၀၀ ကျပ်ကျော်ပြန်ဖြစ်

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၉ ရက်(ယနေ့) တွင်၂၃၀၀ ကျပ်ကျော်သို့ပြန်လည်ရောက်ရှိခဲ့သဖြင့် နေသဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ် လီတာလျင် ၂၃၅၅ ကျပ်ပြန်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည် ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

အလားတူ နေပြည်တော်၊ပဲခူး၊ပုသိမ်၊ဘားအံ တို့တွင်လည်း 92 Ron  တစ်လီတာလျင် ၂၃၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

ထို့အတူ မန္တလေး၊မကွေး၊ထားဝယ်၊မုံရွာ၊မြစ်ကြီးနား၊စစ်တွေ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော် တို့၌ 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်ဖြစ်ပေါ်လျက်ရှိသည်။

ထို့ပြင် ဟားခါးတွင် ၂၆၀၀ ကျပ်ကျော်နှင့်ကျိုင်းတုံတွင် ၂၉၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၃၅၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၄၄၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၇၆၅ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၈၄၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၂၂၄၄ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၂၈ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၆၄၅ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၇၁၈ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here