ရွှေပြည်သာတွင် ရာအိမ်မှူး (၁) ဦး ဈေးဝယ်ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး

0
154

ရွှေပြည်သာတွင် ရာအိမ်မှူး (၁) ဦး ဈေးဝယ်ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ထ/(၁၆) ရပ်ကွက် ရာအိမ်မှူး ဦးဝင်းဇော် ဆိုသူအား ဈေးဝယ်ထွက်လာချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကြော င်း သိရသည်။

ယနေ့ ဩဂုတ်လ (၁၉) ရက် နံနက်ပိုင်းတွင် လှော်ကား နီလာဈေးတွင် ဇနီးဖြစ်သူနှင့် ဈေးလာဝယ်စဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” မနက် (၇) နာရီလောက် နီလာဈေးမှာ ဈေးဝယ်နေတုန်း ပစ်သွားတာ။ ပစ်တာက (၅) ချက်၊ ခေါင်း အရင်ထိပြီး လဲသွားမှ ထပ်ပစ်တာ။ ပွဲချင်းပြီးပဲ” ဟု  ” နီးစပ်သူ ဒေသခံများက ပြောသည်။

ပစ်ခတ် ခံရသည့် ရာအိမ်မှူး ဦးဝင်းဇော်မှာ စစ်တပ်သတင်း ပေးလုပ်၍ ပစ်ခတ်ရှင်းလင်း ခံရခြင်းဖြစ်ကြောင်း အနီးပတ်ဝန်းကျင်က ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

အဆိုပါ ပစ်ခတ်မှုမှာ ရာအိမ်မှူး ဦးဝင်ဇော်ကိုသာ အဓိက ဦးတည်ခြင်း ဖြစ်နိုင်ပြီး ဇနီးဖြစ်သူကို ပစ်ခတ်ခြင်း၊  ထိမှန်ခြင်း မရှိခဲ့ကြောင်းလည်း ပစ်ခတ်မှု ဖြစ်စဉ် ဈေးအ တွင်း ရောက်ရှိနေသည့် လှော်ကား ဒေသခံ တစ်ဦးကလည်း ပြောသည်။

” တစ်ယောက်ထဲကိုပဲ မဲပစ်တာ ။ သူ့မိန်းမကိုတော့ ဘာမှမလုပ်ဘူးထင်တယ်။ ထိတာပြုတာ မတွေ့ရဘူး” ဟု အ ဆိုပါ ဒေသခံက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် လှော်ကားနီလာဈေးအတွင်း ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်နေပြီး ၊ ဆိုင်များ ပိတ်ခိုင်းထားသည့်အပြင် လမ်းပိတ် စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရွှေပြည်သာမြို့နယ်အတွင်းက အမျိုးသမီး ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် သေဆုံးသွားသည့် ဖြစ်စဉ်ဖြစ် ပွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here