ခရစ်ပ်တို ငွေကြေး ကြောင့်ဖြစ်လာနိုင်သည့် စိန်ခေါ်မှုများအား ရင်ဆိုင်နိုင်ရန် ငွေကြေးကဏ္ဍတွင် ကြပ်မတ်ဆောင်ရွက်သွားနိုင်သည့် အစီအစဉ်များအားဆွေးနွေး
SEACEN High-Level Seminar and Meeting for Deputy Governors (Financial Stability and Supervision) အား သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ တက်ရောက် ဆွေးနွေးခဲ့သည်။
ထွန်းသစ်စဈေးကွက်စီးပွားရေးတွင် Sovereign Debt နှင့်ငွေရေးကြေးရေးတည် ငြိမ်မှု၊ Central Bank Digital Currencies (CBDCs)၏ စိန်ခေါ်မှုများနှင့် ကာရေဘီယန်း နိုင်ငံများ၏ ဒီဂျစ်တယ်ငွေကြေး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမှသင်ခန်းစာများအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံနိုင်ငံများ၏ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးနှင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများ၊ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးဆောင်ရွက်ရာတွင်ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ဆိုက်ဘာခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် စိန်ခေါ်မှုများ၊ Big Techs၊ Fin Techs များဆိုင်ရာအကျိုး ကျေးဇူးများနှင့်ဆုံးရှုံးနိုင်ခြေများကိုလည်း ဆွေး နွေးခဲ့ကြသည်။
အလားတူ ကမ္ဘာ့မက်ခရိုပုံစံသစ် အရ ကမ္ဘာ့ရေနံဈေးမြင့်တက်ခြင်း၊ငွေကြေးဖောင်းပွမှုများ မြင့်တက်နေခြင်း၊ရာသီဥတုပြောင်းလဲနေခြင်း၊သဘာဝဘေးအန္တရာယ်များ၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေများကြောင့် ငွေကြေးစနစ်တည်ငြိမ်ရေးအတွက် မူဝါဒချမှတ်သူများသည် နိုင်ငံပိုင်ဘဏ်များအတွက် ထိရောက်သည့် စည်းမျဉ်းစည်းကမ်းများ၊ကြီးကြပ်စစ်ဆေးခြင်းဆိုင်ရာများအား တိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။
ထို့အတူနည်းလမ်းမျိုးစုံကိုထည့်သွင်းစဉ်းစား၍ ဘဏ်များအား Stress Testing Exercises များဆောင်ရွက်ပြီး အားကောင်းခိုင်မာသည့် ဘဏ်လုပ်ငန်းအကျပ်အတည်း စီမံခန့်ခွဲမှု မူဘောင်များ ဆောင်ရွက်ရန်လိုအပ်ကာ ငွေကြေးမူဝါဒ နှင့် ဘဏ္ဍာရေးမူဝါဒ များ အပြန်အလှန်ချိတ်ဆက်၍ ဆောင်ရွက်ရန်လိုအပ်သည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ခရစ်ပ်တိုငွေ ကြောင့် ငွေကြေး ကဏ္ဍတည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများနှင့်၄င်း ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန် ငွေရေးကြေးရေးကဏ္ဍတွင် ကြပ်မတ်ဆောင်ရွက်သွားနိုင်သည့် အစီအ စဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
အလားတူ ရာသီဥတုပြောင်းလဲ/ဖောက်ပြန်ခြင်းကြောင့် ငွေရေးကြေးရေးကဏ္ဍတွင် ဆုံးရှုံးနိုင်သည့်အခြေအနေများကို ကာကွယ်ရန်အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။
Photo Credit : Aiman Erbad