ယမန်နေ့က ပိတ်ထားခဲ့သည့် မြဝတီကုန်သွယ်ရေးဇုန် ယနေ့နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့

0
118

ယမန်နေ့က ပိတ်ထားခဲ့သည့် မြဝတီကုန်သွယ်ရေးဇုန် ယနေ့နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့

ကရင်ပြည်နယ်ရှိ မြဝတီကုန်သွယ်ရေးဇုန်အား သြဂုတ် ၁၈ ရက်နေ့လည်ပိုင်းမှစတင်ကာ ပိတ်ထားခဲ့ပြီးနောက် သြဂုတ် ၁၉ ရက်(ယနေ့)နံနက်ပိုင်းမှစတင်ကာပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဝင်ရောက်လာသည့် ကုန်တင်ကားများအား စစ်ဆေးမှုများပြုလုပ်ပြီးမှဝင်ရောက်ခွင့်ပြုနေသဖြင့် မြဝတီမြို့ရှိ မြေနီကုန်းမီးပွိုင့်မှစတင်ကာ မြဝတီကုန်သွယ်ရေးဇုန်အထိ ကုန်တင်တွဲကားများ ရပ်တန့်စောင့်ဆိုင်းနေရသဖြင့် လမ်းပိတ်ဆို့လျက်ရှိသည်ဟု သိရသည်။


ထို့ပြင် သြဂုတ် ၁၈ ရက်နံနက်ပိုင်းကလည်း မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဖြတ်သန်းသွားလာမှုများအား ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။

“မနေ့က နေ့လည် ၁ နာရီလောက်ကစပြီး ကုန်သွယ်ရေးဇုန်မှာရှိတဲ့လူတွေအကုန်လုံးကိုရွှေ့ခိုင်းတယ် ကားတွေကိုလည်းရွှေ့ခိုင်းပြီး ပိတ်လိုက်တာ အဲဒီကလူတွေကို မြဝတီမြို့ထဲဘက်ကို ချက်ခြင်းပြောင်းခိုင်းတာ”ဟု ဒေသခံတစ်ဦးကပြောသည်။


မြဝတီကုန်သွယ်ရေးဇုန်အား လက်နက်ကိုင်အဖွဲ့ဝင်များ လာရောက်တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် ထိုသို့ ပိတ်ထားခြင်းဖြစ်သည်ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

“ကုန်သွယ်ရေးဇုန်တင်ပိတ်ခိုင်းတာမဟုတ်ပါဘူး အာရှလမ်းမကြီးကိုပါ ယာယီပိတ်ခိုင်းပြီး ဖြတ်သန်းခွင့်မပြုခိုင်းတော့ဘူး နောက် မြို့အဝင်အထွက်ကိုလည်း ယာယီပိတ်လိုက်တယ်လို့ကြားတယ် ဒီမနက်ကတော့ အရင်အတိုင်းပြန်ဖြစ်နေပါပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ကိုဝင်းဇော်


LEAVE A REPLY

Please enter your comment!
Please enter your name here