၅၅ နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်း အနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် တက်ရောက်ခဲ့
ဂျပန်နိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုင်ရာသံရုံးတွင် သြဂုတ် ၁၆ ရက်နံနက် ၁၀ နာရီကကျင်းပခဲ့သည့် ၅၅ နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအ နားသို့ မြန်မာသံအမတ်ကြီးဦးစိုးဟန် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားအား ဂျပန်နိုင်ငံအခြေစိုက် အာဆီယံသံရုံးများမှသံအမတ်ကြီးများဖြင့် ဖွဲ့ စည်းထားသည့် အာဆီယံ-တိုကျိုကော်မတီ (ASEAN Committee in Tokyo- ACT)၏ အလှည့် ကျဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီး Mr. Vu Hong Nam ကကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
အာဆီယံ-တိုကျိုကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီး Mr. Vu Hong Nam နှင့်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ၏သံအမတ်ကြီး Mr. Tuy Ry တို့က အမှာစကားများ ပြောကြားခဲ့ကြပြီးနောက် အာဆီယံ-တိုကျို ကော်မတီအစည်းအဝေးအား ဆက်လက်ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ဂျပန်နိုင်ငံအခြေစိုက် အာဆီယံသံရုံးများမှသံအမတ်ကြီးများ၊သံရုံးယာယီတာ ဝန်ခံများနှင့်တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြသည်။