စစ်ရေးတင်းမာမှုကြောင့် ယာယီပိတ်ခဲ့ရသည့် မြဝတီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပုံမှန်ပြန်ဖြစ်

0
156

စစ်ရေးတင်းမာမှုကြောင့် ယာယီပိတ်ခဲ့ရသည့် မြဝတီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပုံမှန်ပြန်ဖြစ်

စစ်ရေး တင်းမာမှုများကြောင့် ယမန်နေ့က ယာယီရပ်ဆို င်းခဲ့သည့် မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ပုံမှန်ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ (၁၈) ရက် မွန်းလွန် (၁) နာရီအချိန်တွင် မြဝတီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို ဒေသအာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပြီး ကုန်သွယ်ရေး စခန်းအတွင်းရှိ ယာဉ်များကိုလည်း (၁) နာရီအတွင်း စခန်းအတွင်းမှ ထွက်ခွာရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံနှင့် ကုန် သည်အချို့ထံမှ သိရသည်။


” မနေ့က (၁) နာရီကျော်ကျော်မှာ စခန်းထဲက ထွက်ဖို့ဆိုပြီးတော့ အသိပေးတယ်။ တိတိကျကျတော့ စာထုတ်အမိန့်ပေးတာမျိုးမဟုတ်ဘူး။ ဟိုလူပြော ဒီလူပြောနဲ့ ပါး စပ်စကားပဲ သိတာ။ ဒါနဲ့ ကျွန်တော့ ကားကိုလည်း ထွက်လာခိုင်းလိုက်တယ်။ အခုတော့ ပုံမှန်ပါပဲ။ အစောပိုင်ကတော့ မဲကနယ်အထိ လမ်းပိတ်နေတာ ဟုတ်တယ်” ဟု ထိုင်းနိုင် ငံမှ ကုန်ပစ္စည်း တင်သွင်းသည့် ကုန်သည်တစ်ဦးက ပြော သည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ရဲစခန်းအချို့ ဝင်ရောက် တိုက်ခိုက်ခံရပြီး ထိုင်း – မြန်မာ နယ်စပ် မြဝတီမြို့ဝန်းကျင်နှင့် ကော့ကရိတ်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်နေခြင်း ဖြစ်သည်။

ပို့ကုန် သွင်းကုန် ယာဉ်များအနေဖြင့် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတွင် လိုအပ်သည့် စစ်ဆေးမှုများ ခံ ယူရသည့် ယနေ့ ဩဂုတ်လ (၁၉) ရက် နံနက်ပိုင်းတွင် အ မှတ်(၂)ချစ်ကြည်ရေးတံတားချဉ်းကပ်လမ်း(မြေနီကုန်း ) မီးပွိုင့်မှ မဲကနယ် ရွာသစ်နားအထိ ကုန်တင်ယာဉ် ရာနှင့်ချီပိတ်မိနေပြီး လက်ရှိတွင် ပုံမှန်သွားလာနေပြီဖြစ်ကြော င်း သိရသည်။

” မနက်က မြေနီကုန်း ပွိုင့်ထိပ်ကနေ ဟိုး မဲကနယ်အထိ ပိတ်နေတာ။ အခုတော့ ပုံမှန်ပြန်သွားနေကြပါပြီ” ဟု မြဝတီ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က ကုန်သွယ်ရေး လမ်းကြောင်း ယာယီပိတ်ခဲ့သော်လည်း ထူးခြားသည့် စစ်ရေး လှုပ်ရှားမှု၊ ထိတွေ့မှု မဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသခံ၏ ပြောပြချက်အရ သိရသည်။

ထိုင်း – မြန်မာ နယ်စပ် မြဝတီ ကုန်သွယ်ရေး စခန်းသည် ပြည်တွင်း ပြည်ပ ပို့ကုန်သွင်းကုန် လုပ်ငန်များအတွက် အားထားရသည့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပြီး စစ်ရေးတင်းမာမှုများကြောင့် လမ်းကြောင်းပိတ်ခံရမည် ဆိုပါက ပို့ကုန် သွင်းကုန် ကဏ္ဍနှင့် ပြည်ပဝင်ငွေ ရရှိမှုကိုပါ ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ဓာတ်ပုံ – သက်ဦးနိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here