ကုလက ဇာပိုရီရှီအာ နျူစက်ရုံ၏ လုံခြုံရေးအတွက်အာမခံပေးရမည်ဟုဇလန်းစကီး ​ပြော

0
265

ကုလက ဇာပိုရီရှီအာ နျူစက်ရုံ၏ လုံခြုံရေးအတွက်အာမခံပေးရမည်ဟုဇလန်းစကီး ​ပြော

လဗီး၊ ဩဂုတ် ၁၈

ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးသည် ရုရှားတပ်များကသိမ်းပိုက်ထားသော ဇာပိုရီရှီအာ နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ လုံခြုံရေးအတွက် ကုလသမဂ္ဂက အာမခံပေးရမည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

သမ္မတနှင့် မစ္စတာဂူတာရက်စ်တို့သည် ယူကရိန်းအနောက်ဘက်ရှိ လဗီးမြို့တွင်တွေ့ဆုံခဲ့ကြပြီး ပိုမိုဆိုးရွားလာသော ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေလျှော့ပေးရန်ရည်ရွယ်ချက်ဖြင့် တူကီယေးနှင့်ကုလသမဂ္ဂတို့ ကြားဝင်စေ့စပ်ပေးထားသည့် သဘောတူညီချက်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကာ ယူကရိန်း၏တင်ပို့မှုများ ဆက်လက်လုပ်ဆောင်နိုင်စေရန် ညှိုနှိုင်းမှုများကိုတိုးမြှင့်သွားရန်လည်း သဘောတူညီခဲ့ကြကြောင်းဖော်ပြထားသည်။

ယခုတွေ့ဆုံဆွေးနွေးမှုတွင် ရုရှား၏နျူခြိမ်းခြောက်မှုအပေါ် ပိုမိုအာရုံစိုက်ဆွေးနွေးခဲ့ကြပြီး ယခုကဲ့သို့ တမင်တကာခြိမ်းခြောက်အကျပ်ကိုင်နေခြင်းသည် တစ်ကမ္ဘာလုံးအတွက် ဆိုးရွားသောအကျိုးဆက်များဖြစ်စေနိုင်သည် ဟု သမ္မတဇလန်းစကီးက တယ်လီဂရမ်မက်ဆေ့ချ်တွင်ရေးသားခဲ့သည်။

ထို့ကြောင့်ကုလသမဂ္ဂအနေဖြင့် ယခုကဲ့သို့စစ်ရေးအရမဟာဗျူဟာမြောက်၍ အရေးပါသော ဇာပိုရီရှီအာ နျူစက်ရုံ လုံခြုံရေးအတွက် ၎င်းကိုစစ်ကင်းမဲ့ဇုန်အဖြစ်ကြေငြာကာ ရုရှားတပ်များလက်မှလုံးဝလွတ်မြောက်မှုအတွက် အာမခံချက်ပေးရမည်ဟုဆိုသည်။

၂၀၂၁ ခုနှစ် မတ်လက ဇာပိုရီရှီအာ နျူကလီးယားစက်ရုံအား ရုရှားတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ကာ ယူကရိန်းက ရုရှားသည် အဆိုပါစက်ရုံအားအကာအကွယ်အဖြစ်အသုံးပြုနေသည်ဟု စွပ်စွဲခဲ့သည်။ ယူကရိန်း၏ပြောကြားချက်တွင် ရုရှားကနျူစက်ရုံအားပစ်ခတ်သည်ဟုဆိုပြီး ရုရှားကမူ ယူကရိန်းကသာပစ်နေခြင်းဖြစ်သည်ဟုဆိုပြန်သည်။

ယူကရိန်းရှေ့တန်းစစ်မျက်နှာတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဥရောပ၏အကြီးဆုံးနျူဓာတ်အားပေးစက်ရုံကို ပိတ်ပစ်နိုင်သည်ဟု ရုရှားကကြာသပတေးနေ့ကပြောကြားခဲ့ပြီး ထိုအချက်ကြောင့်ပင် နျူကပ်ဆိုးကိုဖြစ်စေနိုင်သည်ဟု ဇလန်းစကီးကသတိပေးခဲ့သည်။

သမ္မတဇလန်းစကီးနှင့် မစ္စတာဂူတာရက်စ်တို့၏တွေ့ဆုံမှုကို ဖော်ပြထားသော တယ်လီဂရမ်ပို့စ်အောက်၌ ဇလန်းစကီးက ဂျုံတင်ပို့မှုပြီးမြောက်ရေးပဏာမခြေလှမ်းအတွက် ညှိုနှိုင်းမှုကိုဆက်လက်ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြသည်ဟု ဖော်ပြထားသည်။

“ယူကရိန်းနိုင်ငံသားများအား အတင်းအကြပ်တရားမဝင်ပြန်လည်ခေါ်ယူခြင်းကိစ္စအပါအဝင် စစ်ဘက်နှင့် ဆေးဘက်ဝန်ထမ်းများကို ပြန်လည်လွှတ်ပေးရေး စတာတွေကိုပါဆွေးနွေးခဲ့ပါတယ်” ဟုဇလန်းစကီးကဆိုခဲ့သည်။

ဇူလိုင်လ ၂၂ ရက်နေ့က တူကီယေးနှင့်ကုလတို့၏ ကြားဝင်စေ့စပ်ပေးထားသောမူဘောင်အရ ယူကရိန်းသည် ဖေဖော်ဝါရီလ ၂၄ ရက်က ရုရှားနှင့်စစ်ပွဲစတင်ချိန်ကတည်းက ငါးလကြာရပ်နားထားခဲ့ရသော ၎င်း၏ပင်လယ်နက်ဆိပ်ကမ်းများမှတင်ပို့မှုများကို ဩဂုတ်လအစောပိုင်းကစ၍ ပြန်လည် စတင်နိုင်ခဲ့သည်။

Source – Reuters/rc


LEAVE A REPLY

Please enter your comment!
Please enter your name here