ပို့ကုန်ကျလာသဖြင့် တိုးတက်မှုနှေးကွေးနိုင်ကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာန သတိပေး
ဆိုလ်း၊ ဩဂုတ် ၁၉
ပို့ကုန်ကျဆင်းနိုင်ခြေအန္တရာယ်ကြီးမားလာခြင်းကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးနိုင်ကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးဌာနက သောကြာနေ့ကသတိပေးထားသည်။
ပို့ကုန်ကန့်သတ်ချက်များကြောင့် ပြန်လည်ဦးမော့လာတော့မည့် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးသွားစေနိုင်သည့် ငွေကြေးဖောင်းပွမှုဖိအားများ ဆက်လက်ဖြစ်ပေါ်လာကာ ဆိုးရွားလာသောပြင်ပအခြေအနေများကြောင့် စီးပွားရေးလုပ်ကိုင်လိုစိတ်ကိုထိခိုက်နိုင်သည်ဟု ဝန်ကြီးဌာနက၎င်း၏လစဉ် စီးပွားရေးအကဲဖြတ်ချက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ငွေကြေးဖောင်းပွမှုဖိအားများ ဆက်လက်ဖြစ်ပေါ်နေခြင်း၊ အဓိကအရေးပါသည့် နိုင်ငံများတွင်ငွေကြေးကျပ်တည်းမှု၊ အမေရိကနှင့်တရုတ်နိုင်ငံတို့တွင် စီးပွားရေးနှေးကွေးမှုနှင့် ယူကရိန်းစစ်ကြာရှည်နေခြင်းတို့ကြောင့် စီးပွားရေးကျဆင်းနိုင်ခြေများ လာသည်ဟု ဝန်ကြီးဌာနကကိုးကားချက်များအရ သုံးသပ်တင်ပြခဲ့သည်။
Source – Reuters