ကုလအတွင်းရေးမှူးအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ ဆိုးတိုင် ပင်ကောင်းတိုင်ပင် ပုဂ္ဂိုလ်မျိုးဖြစ်သင့်ကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကုလကိုယ်စားလှယ်ကို ပြော

0
267

ကုလအတွင်းရေးမှူးအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ ဆိုးတိုင် ပင်ကောင်းတိုင်ပင် ပုဂ္ဂိုလ်မျိုးဖြစ်သင့်ကြောင်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကုလကိုယ်စားလှယ်ကို ပြော

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေ ဖြင့် ကမ္ဘာ့နိုင်ငံများ၏ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ပုဂ္ဂိုလ်မျိုးသာဖြစ်သင့်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ကုလအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် န စက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌမှ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကုလသမဂ္ဂ၏ အရိပ်အာဝါသကြောင့် အေးမြသည့် အရသာကို လိုလားနေသည့် နိုင်ငံများဖြစ်ပြီး အဆိုပါကိစ္စသည် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရသည်။

ထို့အပြင် ကုလသမဂ္ဂသည် ဒုက္ခရောက်နေသည့် ၊ အခက် အခဲရှိနေသည့် နေရာများကို ကူညီရမည်ဟု နားလည်သ ဘောပေါက်ထားကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလအထူးကိုယ်စားလှယ်ကို ပြောကြားခဲ့သည်ဟု နစက၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိကာလသည် ကမ္ဘာကြီးတစ်ခုလုံးမငြိမ်သက်မှုများ ဖြစ်ပွားနိုင်သည့် အခြေအနေရှိနေပြီး ယင်းအခြေ အနေကို ရှောင်လွှဲနိုင်ရေးသည် အရေးကြီးကြောင်းလည်း အ ဆိုပါ နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ယခုအချိန်အထိ ကုလသ မဂ္ဂ ပဋိညာဉ်ကို ဖောက်ဖျက်ခြင်း မရှိသေးကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သလို ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အနေဖြင့်လည်း ကုလသမဂ္ဂ ပဋိညာဉ်ကို လေးစားလိုက်နာသူဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်က ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေလမ်းကြောင်းပေါ် ပြန် လည်ရောက်ရှိလာအောင် လုပ်ဆောင်နေချိန်တွင် ကုလ သမဂ္ဂအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်အပေါ် အသိအမှတ်မပြုကြောင်းနှင့် မည်သည့်အတွက် အသိအမှတ်မပြုသည်ကို မေးခွန်းထုတ်ခဲ့ကြောင်းလည်း သိရသည်။

နစကအနေဖြင့် ကုလအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက် လက်ခံတွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ကျင့်သုံးနေထိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အဆိုပါ အချက်ထဲတွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်၊ နိုင်ငံတနိုင်ငံ၏ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးကို လေးစားလိုက်နာရန်ဆိုသည့်အချက်များ ပါဝင်ကြောင်း နစက ဥက္ကဋ္ဌက ကုလအထူးကိုယ်စားလှယ်ကို ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here