ဩစတြေးလျနိုင် ငံအစိုးရအနေနဲ့ အပြုသဘောဆောင်​ပါက မစ္စတာရှောင်တာနယ်ကိစ္စအား တင်းမာစွာဆောင်ရွက်မည့်အခြေအနေမျိုးမရှိဟု နစကဥက္ကဌ ​ပြော

0
303

ဩစတြေးလျနိုင် ငံအစိုးရအနေနဲ့ အပြုသဘောဆောင်​ပါက မစ္စတာရှောင်တာနယ်ကိစ္စအား တင်းမာစွာဆောင်ရွက်မည့်အခြေအနေမျိုးမရှိဟု နစကဥက္ကဌ ​ပြော

နစက ဥက္ကဋ္ဌက ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မှ အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ကလေးငယ်များရှိပါက ပြန်လည်လွှတ်ပေးရန် မေတ္တာရပ်ခံမှုနှင့်ပတ်သက်၍ ​အောက်ပါအတိုင်းဆွေးနွေးပြောကြားခဲ့သည်။

“မိမိတို့ အရေးယူဖမ်းဆီးထိန်းသိမ်းထားသည့် က လေးငယ်များ၌ အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ် လူငယ်အနည်းစုပါဝင်ကာ ၎င်းတို့အား အသက်ညှာဆုံးအရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့သည်”ဟု ပြောကြားခဲ့သည်။

အလားတူ သြစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ်နှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ဆွေးနွေးပြောကြားမှုကိုလည်း နစက ဥက္ကဋ္ဌက “မစ္စတာရှောင်တာနယ် ကိစ္စမှာ ဩစတြေးလျနိုင် ငံအစိုးရအနေနဲ့ အပြုသဘောဆောင်တဲ့ လုပ် ဆောင်ချက်တွေဆောင်ရွက်မယ်ဆိုရန် မိမိတို့အ နေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တင်းမာစွာဆောင် ရွက်မယ့်အခြေအနေမျိုးမရှိပါဘူး”ဟုပြောကြားခဲ့သည်။

ထို့ပြင် မစ္စတာရှောင်တာနယ်နှင့်ပတ်သက်၍ စစ် ဆေးတွေ့ရှိရသည့် အချက်အလက်များအရ ၎င်းအား ကြီးလေးသည့်ပြစ်ဒဏ်ချမှတ်နိုင်သည့် သက်သေအထောက်အထားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၌ အကြမ်းဖက်သမားများ ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၃၅၀၀ ဦးခန့် သေဆုံးခဲ့ရပြီး ယင်းသေ ဆုံးသူများသည် ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခြင်းမရှိဘဲ သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်သည်ဟု ပြောသည်။

အပြစ်မဲ့ပြည်သူများသေဆုံးမှုတွင် ကျောင်းဆရာ ၊ဆရာမ ၄၈ ဦး၊ကျန်းမာရေးဝန်ထမ်း ၁၂ ဦး၊ သံ ဃာတော် ၅၃ ပါး၊ သီလရှင် ၁ ပါးနှင့်ကလေးသူ ငယ် ၈၂ ဦးပါဝင်သည်ဟု နစက ဥက္ကဋ္ဌကဆွေး နွေးပြောကြားခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Guterres သည် ကမ္ဘာတစ်ဝန်းလုံးကို Antonio ကိုယ်စားပြုသူတစ်ဦးဖြစ်ကာ မိမိသည်လည်း မြန်မာနိုင်ငံကို ကိုယ်စားပြုသူတစ်ဦးဖြစ်၍ မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးတို့အား တာဝန်ယူဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres အနေဖြင့် မြန်မာနိုင်ငံအား ကူညီပေးနိုင်မည့်နည်းလမ်းအားရှာဖွေ၍ မြန်မာနိုင်ငံကို နိုင်ငံ တကာ အသိုက်အဝန်းသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ရန် စိတ်အားထက်သန်လျက်ရှိ၍ မြန်မာနိုင်ငံအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးမည်ဆိုပါက နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် ယုံကြည်မှု များ ပိုမိုမြင့်တက်လာမည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here