စက်သုံးဆီစျေးနှုန်းများထပ်မံတက်လာ၊ ယနေ့တွင် ၂၄၀၀ ကျပ်ဖြစ်နေ

0
193

စက်သုံးဆီစျေးနှုန်းများထပ်မံတက်လာ၊ ယနေ့တွင် ၂၄၀၀ ကျပ်ဖြစ်နေ

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၂၀ ရက်(ယနေ့) တွင်ထပ်မံတက်လာသဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ် လီတာလျင် ၂၄၀၀ ကျပ်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည် ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

အလားတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်တို့တွင်လည်း 92 Ron  တစ်လီတာလျင် ၂၄၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

ထို့အတူ မြစ်ကြီးနားနှင့်စစ်တွေတို့၌ 92 Ron တစ်လီတာလျင် ၂၅၀၀ ကျပ်ကျော် ဟားခါးတွင် ၂၇၀၀ ကျပ်ကျော်နှင့်ကျိုင်းတုံတွင် ၂၉၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၄၀၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၄၉၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၈၂၀ ကျပ် သတ်မှတ်ခဲ့သည်။


အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၈၉၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၂၂၉၂ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၇၆ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၆၉၇ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၇၇၁ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here