နေတိုးအတွင်းရေးမှူးချုပ်ကနေဒါသွားမည်

0
188

နေတိုးအတွင်းရေးမှူးချုပ်  ကနေဒါသွားမည်

အော့တဝါ၊ ဩဂုတ် ၂၀ရက်

နေတိုးအတွင်းရေးမှူးချုပ် ယန့် စတောတန်ဘတ်ခ် သည် ရာသီဥတုဖောက်ပြန်မှုနှင့် ရုရှား-ယူကရိန်း အရေးအခင်းများဖြစ်ပွား‌​နေချိန်၌အာတိတ်လုံခြုံရေးအပေါ် အာရုံစိုက်ရန် လာမည့်အပတ်အတွင်း ကနေဒါနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးရုံးက သြဂုတ် ၁၉ ရက် သောကြာနေ့ တွင် ပြောကြားခဲ့သည်။

စတောတန်ဘတ်ခ် သည် သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ ကနေဒါသို့ သွားရောက် လည်ပတ်သွားမည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ထရူးဒိုး ပါ လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။

စတောတန်ဘတ်ခ် သည် ဩဂုတ်လ ၂၅ ရက် ကြာသပတေးနေ့၌ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာကြားရှိ အာတိတ်သမုဒ္ဒရာ၏ အနောက်မြောက် ရေလမ်းကြောင်းကို ဖြတ်သန်းသွားလာနေသော သင်္ဘောများအဓိကရပ်နားရာ နေရာဖြစ်သည့် နူနာဗု ဒေသရှိ ကိမ်းဘရစ်ချ်ဘေး ရွာသို့ ဝင်ရောက် လည်ပတ်မည်ဖြစ်သည်။

သောကြာနေ့တွင် ၎င်းသည် အယ်လ်ဘာတာပြည်နယ် ကိုးလ်လိတ် မြို့ ရှိ ကနေဒါ ဂျက်တိုက်လေယာဉ် အခြေစိုက်စခန်းသို့ သွားရောက်ပြီး အမေရိက-ကနေဒါ-မြောက်အမေရိက ကာကွယ်ရေး ပူးပေါင်းအဖွဲ့ NORAD ကို ခေတ်မီတိုးတက်အောင် လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“သွားရောက် လည်ပတ်မယ့်နေရာတွေမှာအာတိတ်ဒေသနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေက လုံခြုံရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲဆိုတာ  သေသေချာချာ အာရုံစိုက်သွားမှာပါ”ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အာတိတ်သမုဒ္ဒရာ ကမ်းရိုးတန်း၏ ၅၃ ရာခိုင်နှုန်းကျော်မှာ ရုရှားကုန်းမြေများဖြင့် လွှမ်းမိုးနေသော်လည်း ကနေဒါနိုင်ငံ၏ ကုန်းမြေစိုင် ၄၀ ရာခိုင်နှုန်းနီးပါးကို အာတိတ်ဒေသဟု ယူဆထားကြောင်း အာတိတ်ကောင်စီ၏ အဆိုအရ သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here