မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်မှ ရာအိမ်မှူး တစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ

0
266

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက်မှ ရာအိမ်မှူး တစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အ မှတ် (၂) ရပ်ကွက်တွင် ယနေ့ ဩဂုတ်လ (၂၀) ရက် နံ နက်ပိုင်းက ရပ်ကွက် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ် ခတ်ခံရကြောင်း သိရသည်။

ယနေ့ နံနက် (၁၀) နာရီခွဲ ဝန်းကျင်က အမှတ်(၂) ရပ်ကွက် ၊ သုမာလာ (၈) လမ်းတွင် လမ်းလျှောက်လာသည့် ရာအိ မ်မှူး သောင်းဒန်အား သေနတ်သမားအချို့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ခေါင်းကို ပစ်သွားတယ်လို့ သတင်းတော့ ထွက်နေတာပဲ။ သူ့မိန်းမနဲ့ လမ်းလျှောက်လာတုန်း ဝင်ပစ်သွားတာတဲ့။စက်ဘီးလည်း ပါတယ်ပြောတယ်။ ကျွန်တော်တို့နဲ့က နည်းနည်းတော့ ခြားတယ်” ဟု အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး သောင်းဒန်တွင် ဦး ခေါင်းနှင့် ခန္ဓာကိုယ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့် အမှတ်(၂) ရပ်ကွက်အ တွင်းသို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိကာ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ မသိရှိရသေးပေ။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းတွင် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် နစက လက် အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပစ်ခတ်သတ်ဖြတ်မှု ခံနေရပြီး ဗုံးပေါက်ကွဲမှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဩဂုတ်လ (၁၉) ရက် နံနက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ် လှော်ကား ကျေးရွာရှိ နီလာဈေးတွင် ရာအိမ်မှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here