ကန်နှင့်ထိုင်ဝမ် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ရေးဆွေးနွေးပွဲကြေငြာ

0
226

ကန်နှင့်ထိုင်ဝမ် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ရေးဆွေးနွေးပွဲကြေငြာ

တင်းမာမှုများဖြစ်ပေါ်စေခဲ့သည့် အမေရိကန်အောက်လွှတ်တော် ဉက္ကဌနန်စီပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပြီး၌ တရားဝင်ကုန်သွယ်ရေးဆွေးနွေးပွဲကို မကြာခင်စတင်တော့မည်ဟု အမေရိကန်ကပြောကြားခဲ့သည်။ 

ပထမအကြိမ် နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးမှုကို စက်တင်ဘာလအစောပိုင်းတွင် စတင်မည်ဟု အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ပြောကြားခဲ့သည်။

ကုန်သွယ်ရေးပံ့ပိုးကူညီမှု၊ဒစ်ဂျစ်တယ် ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစံနှုန်းများဆိုင်ရာ ဆွေးနွေးမှုများအားလုံးသည် ယခုကျင်းပမည့်ဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်များဖြစ်ကြသည်။ပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်က အမေရိကန်နှင့်တရုတ်ကြားဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့သည်။

ဇွန်လကစတင်မိတ်ဆက်ခဲ့သည့် 21st Century Trade on US – Taiwan Initiative အတွက် စေ့စပ်ညှိနှိုင်းရေး လုပ်ပိုင်ခွင့်များကိုလည်း နှစ်ဖက်စလုံးကသဘောတူညီခဲ့ကြပြီ ဖြစ်သည်ဟုဆိုကြသည်။


အမေရိကန်ကုန်သွယ်ရေး လက်ထောက်ကိုယ်စားလှယ် Sarah Bianchi က “၂၁ ရာစုစီးပွားရေးကို ပိုမိုတရားမျှတကြွယ်ဝချမ်းသာပြီး ခိုင်မာသောစီးပွားရေးတည်ဆောက်ရာ၌ အထောက်အကူဖြစ်စေမည့် ရည်မှန်းချက်အချိန်ကာလကို အကောင်အထည်ဖော်ရန် စီစဉ်နေသည်” ဟု ပြောကြားခဲ့သည်။

BBC သတင်းဌာန၏ဖော်ပြချက်အရ ၂၀၂၀ ခုနှစ်တွင် အမေရိကန်နှင့် ထိုင်ဝမ်တို့ကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁၀၆ ဘီလီယံနီးပါး ရှိခဲ့သည်ဟု သိရသည်။ဩဂုတ်လအစောပိုင်းက ပေလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပြီးတွင် တရုတ်သည်ထိုင်ဝမ်တစ်ဝိုက်၌ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့သေးသည်။

“တရုတ်တစ်ပြည်တည်းမူဝါဒ” အရ အမေရိကန်သည် ထိုင်ဝမ်ကျွန်းနိုင်ငံလေးထက် တရုတ်နှင့်တရားဝင်ဆက်ဆံရေးကို ထိန်းသိမ်းထားကာ ထိုင်ဝမ်နှင့်လည်း တရားဝင်မဟုတ်သည့် ခိုင်မာသောဆက်ဆံရေးကို ဖော်ဆောင်ထိန်းသိမ်းလျက် ထိုင်ဝမ်အတွက် ၎င်းတို့ကိုယ်တိုင် ခုခံကာကွယ်နိုင်ရန် လက်နက်များ ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းနိုင်ငံအား တရုတ်က၎င်း၏ပြည်မကြီးနှင့်ပေါင်းစည်းစေချင်ပြီး တရုတ်၏ပိုင်နက်နယ်မြေဖြစ်သည်ဟု လက်ခံထားကာအခိုင်အမာဆိုသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နိုင်ငံကမူ ၎င်းသည်ပြည်မနှင့်အဆက်စပ်မရှိသည့် သီးခြားနိုင်ငံတစ်ခုဟူသာမှတ်ယူထားသည်။

ပေကျင်း၏တိုးမြင့်လာသောအကျပ်ကိုင်မှုများကြောင့် ထိုင်ဝမ်ရေလက်ကြား၏ တည်ငြိမ်မှုနှင့်ငြိမ်းချမ်းရေးသည် အန္တရာယ်ရှိလာသည်ဟု အရှေ့အာရှဆိုင်ရာ အမေရိကန်သံအမတ်ကြီး Daniel Kritenbrink ကလည်းသီးခြားမှတ်ချက်ပြုခဲ့သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here